CF/TF များအား သက်ဆိုင်ရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား

လွိုင်ကော်မြို့ နိုဝင်ဘာလ (၂၀) ရက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လွိုင်ကော်+ရှားတောမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ CF/TF များအား MGRI ကုမ္ပဏီမှ သက်ဆိုင်ရာမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို (၂၀.၁၁.၂၀၁၈) ရက်နေ့တွင် လွိုင်ကော်မြို့နယ်လူထုဗဟိုပြုစီမံကိန်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် ကယားပြည်နယ်လူထုဗဟိုပြုစီမံကိန်းရုံးခွဲမှ စီမံကိန်းတာဝန်ခံ ဦးကျော်လင်းအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ MGRI ၏ တာဝန်ရှိသူ ဦးမြတ်သူစိုးမှ လွှဲပြောင်းရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဦးမြတ်သူစိုး မှ ဝန်ထမ်းလွှဲပြောင်းခြင်းနှင့်ပတ်သက်သော အစီရင်ခံစာ သက်ဆိုင်ရာ အထောက်အထားများအား ရှားတောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဦးထံ သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ယခင်နှစ်စက်ဝန်းတွင် အကောင်းဆုံးစွမ်းဆောင်ခဲ့သော CF/TF (၂)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။