ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ရှိကျေးရွာများသို့ ပြည်ထောင်စုအဆင့်မှ သွားရောက်လေ့လာခြင်း

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ရဲလောင်ပန်းကျေးရွာတွင် ပထမနှစ်စီမံကိန်း ရေရရှိရေး လုပ်ငန်း ဖြစ်သည့် ရေလှောင်ကန် ဟောင်း(၂)လုံးပြုပြင်ခြင်းနှင့် ရေလှောင်ကန်အသစ် တည်ဆောက်ခြင်း၊ ရေငုတ် ၊ ရေပိုက်လိုင်း ပြုပြင်ခြင်း ၁၅၀၀ ပေနှင့် အသစ် သွယ်တန်းခြင်း ၂၀၀၀ ပေ ဆောင်ရွက်ခြင်းလုပ်ငန်းအား ၈၀%ပြီးစီးပြီ ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းအား ရွာသူ၊ ရွာသားများမှ ကန်ထရိုက်စနစ်ဖြင့် ဆောင်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ပြီးစီးပါက အိမ်ခြေ (၄၂)အိမ် ၊ လူဦးရေ (၂၉၀)ဦးအား ရေဖူလုံစွာရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။