တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းခွဲဆောင်ရွက်မှုအခြေအနေအားကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်း၊ ပထမနှစ်စက်ဝန်းတွင် ဆွောင်းဇန်ကျေးရွာအုပ်စု၊ ခင်မန်းကျေးရွာရေလှောင်ကန်တည်ဆောက်ခြင်းနှင့်ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းအတွက် ရေပိုက်စုဆောင်းမှုအခြေအနေကို ချင်းပြည်နယ်လူထုဗဟိုပြုစီမံကိန်းတာဝန်ခံဦးတင်ကိုထွဋ် (လက်ထောက်ညွှန်ကြားရေးမှူး)ချင်းပြည်နယ်လူထုဗဟိုပြုစီမံကိန်းရုံးမှဝန်ထမ်းများ၊ တွန်းဇံမြို့နယ်နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင်ဒေါ်ဇင်မာထွန်းနှင့်မြို့နယ်မှဝန်ထမ်းများနှင့်အတူ (၁၆.၁၁.၂၀၁၈) ရက်နေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးရာ စီမံကိန်းလုပ်ငန်းခွဲဆောင်ရွက်ရာတွင် လက်ထောက်နည်းပညာမှူး၏ ခန့်မှန်းတွက်ချက်မှုပုံစံအတိုင်း စံချိန်စံနှုန်းပြည့်မီစွာလုပ်ငန်းဆောင်ရွက်ရန်ကော်မတီဝင်များအားမှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်နယ်စီမံကိန်းတာဝန်ခံသည် ကော်မတီဝင်များနှင့်တွေ့ဆုံရာတွင် လူထုဗဟိုပြုစီမံကိန်းသည် တည်ဆောက်ရေးလုပ်ငန်းတစ်ခုတည်းကိုသာဆောင်ရွက်ပေးခြင်းမဟုတ်ပဲ ကော်မတီဝင်များ၊ ကျေးရွာလူထုများ၊ စီမံကိန်းတွင်ပါဝင်သက်ဆိုင်သူများအားလုံး အရည်အချင်းစွမ်းဆောင်ရည်တိုးတက်လာစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်တက်စေရန်နှင့် အဘက်ဘက်မှဖွံ့ဖြိုးတိုးတက်လာစေရန်ဆောင်ရွက်ပေးသောစီမံကိန်းဖြစ်ကြောင်းရှင်းလင်းခဲ့ပြီး၊ စီမံကိန်းတွင်လူထုစစ်ဆေးခြင်း၊ ငွေစာရင်းစစ်ဆေးခြင်း၊ နည်းပညာစစ်ဆေးခြင်းဟူ၍ စစ်ဆေးခြင်း(၃)မျိုးဖြင့်စစ်ဆေးမည်ဖြစ်ပါသဖြင့် စာရင်းဇယားများ မှန်ကန်ရေး အလေးထားဆောင်ရွက်ရန်နှင့် သေချာစွာထိန်းသိမ်းထားကြပါရန်၊ ပွင်းလင်းမြင်သာစွာဆောင်ရွက်ကြပါရန်မှာကြားခဲ့ပါသည်။

မြို့နယ်နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင်ဒေါ်ဇင်မာထွန်းမှလည်း စီမံကိန်းလုပ်ငန်းခွဲအောင်မြင်စွာပြီးမြောက်နိုင်ရေးအတွက် ကော်မတီဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးပူးပေါင်းပြီးဆောင်ရွက်ကြပါရန်မှာကြားခဲ့ပါသည်။