ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်များ အကောင်အထည်ဖော်ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ၄.၉.၂၀၁၉

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)၊ ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်များ အကောင်အထည်ဖော်ရေးဆွဲနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို ပူတာအိုမြို့နယ်ရှိ ရဝမ်ရိုးရာမနောကွင်း ခရန်ခူးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ လူထုဗဟိုပြုစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်သည့် မြို့နယ်တိုင်းတွင် VDP Plan များရှိရာ စီမံကိန်းမှအကောင်အထည်ဆောင်ရွက်ပေးမည့်လုပ်ငန်းများမှလွဲ၍ ကျန်ရှိသည့်လုပ်ငန်းများအား သက်ဆိုင်ရာ ဌာနဆိုင်ရာများ၏ ဘတ်ဂျတ်ဖြင့် နှစ်စဉ်နှစ်တိုင်း အကောင်အထည်ဖော်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရန်နှင့် မိမိတို့စီမံကိန်းမှ ထောက်ပံ့ပေးမည့် ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအား ကျေးရွာများအတွက် အကျိုးရှိစွာအသုံးချနိုင်ရန် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပူတာအိုခရိုင်ကျေးလက်ဦးစီးဌာန၊ ပြည်နယ်ကျေးလက်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ INGO,NGO များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်စုမှ စီထောက်ကော်မတီဥက္ကဌများ၊ စုစုပေါင်းလူဦးရေ ၁၀၀ ခန့် တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို ၄.၉.၂၀၁၉ ရက်နေ့နှင့် ၆.၉.၂၀၁၉ ရက်နေ့၊ စုစုပေါင်း ၂ ရက် ကျင်းပပြုလုပ်ခဲ့ပါသည်။