လူထုစစ်ဆေးပွဲ ကျင်းပပြုလုပ်ခြင်း

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ၂၇.၈.၂၀၁၉

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)၊ ဇီးအွန်ကျေးရွာအုပ်စု၊ အင်ရိုဘော့ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သော ရွာတွင်းသဲကျောက်လမ်းခင်းခြင်းနှင့် ရေပြွန်(၂)စင်းတည်ဆောက်ခြင်းလုပ်ငန်း၏ လူထုစစ်ဆေးပွဲကို ၂၇.၈.၂၀၁၉ ရက်နေ့တွင် အင်ရိုဘော့ကျေးရွာ၊ ဇီးအွန်ကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်ခဲ့ပါသည်။