ကွမ်းခြံကုန်းမြို့နယ် ပကောက်ကျေးရွာအုပ်စု၊ တော်ကဆော့ကျေးရွာတွင် ကျေးရွာအဆင့်ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲခြင်းမွမ်းမံသင်တန်း ပြုလုပ်ခြင်း

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် ၊ ကွမ်းခြံကုန်းမြို့နယ် ကျေးရွာအဆင့်ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုမွမ်းမံသင်တန်းပြုလုပ်ကျင်းပခဲ့ပါသည်။ ကွမ်းခြံကုန်းမြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ စီမံကိန်း(တတိယနှစ်စက်ဝန်း)အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ကျေးရွာအဆင့်ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှုမွမ်းမံ သင်တန်းကို ၉.၁၁.၂၀၁၈ မှ ၁၂.၁၁.၂၀၁၈ နေ့ထိ ကျေးရွာအုပ်စု (၁၁) အုပ်စု၊ ကျေးရွာပေါင်း(၃၅)ရွာ အားဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဆိုပါသင်တန်းအား ပကောက်ကျေးရွာအုပ်စု၊ တော်ကဆော့ကျေးရွာတွင် ပြုလုပ်ခဲ့ပါသည်။ သင်တန်းနည်းပြဦးဆောင်ပို့ချသူအနေဖြင့် မြို့နယ်ဘဏ္ဍာရေး တာဝန်ခံများဖြစ်ကြသော ဒေါ်သင်းသင်းမိုးနှင့် ဒေါ်ယဉ်ယဉ်မွန်တို့မှ ပို့ချပေးခဲ့ပါသည်။ ထိုသင်တန်းအား ကျေးရွာ (၁၆)ရွာမှ ဘဏ္ဍာရေးဆပ်ကော်မတီနှင့် စီမံကိန်းအထောက်အကူပြုကော်မတီဥက္ကဌ (၃၉)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းတွင် ပို့ချပေးခဲ့သည့် အကြောင်းအရာခါင်းစဉ်များအနေဖြင့် ကျေးရွာအဆင့်ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ လူထုဗဟိုပြုစီမံကိန်း၏ ဘဏ္ဍာပုံစံများအား လက်တွေ့ဖြည့်သွင်းခြင်း စသည်တို့ကို လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရပါသည်။

လူထုဗဟိုပြုစီမံကိန်းသည် ကျေးရွာကော်မတီများအား နှစ်စဉ်စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းများအား ပြုလုပ်ပေးလျက်ရှိကြောင်းနှင့် အဆိုပါသင်တန်းပြီးစီးပါက လူထုဗဟိုပြုစီမံကိန်း၏ ရန်ပုံငွေ ဖြင့် ကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော ကျေးရွာများမှ လုပ်ငန်းခွဲများဆောင်ရွက်ရာတွင် ဏ္ဍာရေးလမ်းညွှန်ချက် လုပ်ထုံးလုပ်နည်းလမ်းများအတိုင်း အဆင်ပြေစွာဆောင်ရွက်နိုင်ပြီး စနစ်တကျ သေချာစွာစီမံခန့်ခွဲသွားနိုင်မည့်အပြင် စာရင်းဇယားများကိုလည်း သေချာစွာရေးသွင်းလာနိုင်ခြင်းနှင့် သုံးစွဲထားသော ကုန်ကျစရိတ်ရှင်းတမ်းများကိုလဲ မှတ်တမ်းမှတ်ရာများဖြင့်၏ သေချာစွာ    လုပ်ဆောင်သွားနိုင်မည်ဖြစ်ပါသည်။ ထိုသုံးစွဲထားမူ ကုန်ကျစရိတ်များ ကိုလည်း ကျေးရွာလူထုအား ပွင့်လင်းမြင်သာစွာဖြင့် ရှင်းလင်းတင်ပြနိုင်မည်ဖြစ်ပါသည်။