မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)အတွက် စည်းရုံးရေးမှူးများစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်းအမှတ်စဉ်(၁) ကျင်းပပြုလုပ်

ချင်းပြည်နယ်၊ မတူပီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)အတွက် စည်းရုံးရေးမှူးများ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဖွင့်ပွဲကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့တွင် မတူပီမြို့၊ စီမံကိန်းရုံးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်ဦးစီးမှူး၊ ဦးအာလ်လျန်ထန် (လက်ထောက်ညွှန်ကြားရေးမှူး)မှ အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်နည်းပညာအကြံပေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင်၊ ဦးနိုအဲလ်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါ သည်။ ဆက်လက်၍မြို့နယ်စီမံကိန်းတာဝန်ခံ၊ ဦးပဲန်ဘွေးထန်(ဒုတိယဦးစီးမှူး)မှ သင်တန်းနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွတ်မှာကြားဆွေးနွေးခဲ့ပါသည်။

လူထုဗဟိုပြုစီမံကိန်း၏ရည်ရွယ်ချက်ဖြစ်သော အခြေခံအဆောက်အဦးတည်ဆောက်ခြင်းနှင့် ကျေးရွာလူထုများ၏စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် ကျေးရွာအုပ်စု၊ ကျေးရွာအသီးသီးမှ တတိယ နှစ်စက်ဝန်းအတွက် အခြေခံလိုအပ်ချက်များကို ပိုမိုထိရောက်စွာ ဖော်ထုတ်နိုင်စေရန်ရည်ရွယ်၍ လူထုစည်းရုံးရေးမှူးများနှင့် လက်ထောက်နည်းပညာမှူးများကို နည်းပညာအကြံပေးအဖွဲ့ခေါင်း ဆောင်နှင့် မြို့နယ်စီမံကိန်းတာဝန်ခံတို့မှ ပူးပေါင်း၍ မွမ်းမံသင်တန်းပေးရခြင်းဖြစ်ပါသည်။

အဆိုပါသင်တန်းတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်နည်းပညာအကြံပေးအဖွဲ့များ၊ လက်ထောက်နည်းပညာမှူးများ၊ ကျား (၃၉) ဦး၊ မ (၂၀) ဦး၊ စုစုပေါင်း (၅၉) ဦးတက်ရောက်ခဲ့ကြပါသည်။