ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်းသို့ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ လေ့လာရေးခရီးစဉ်လာရောက်ခြင်း

 ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကြံခင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်းရုံးသို့ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် လူထုဗဟိုပြုစီမံကိန်း ကော်မတီဝင်များသည် (၁၃.၈.၂၀၁၈) ရက်နေ့တွင် လေ့လာရေးခရီးစဉ်စတင်ထွက်ခွာ၍ (၁၄.၈.၂၀၁၈) ရက်နေ့၊နံနက် (၁၀) နာရီတွင် ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့၍  (၁၅.၈.၂၀၁၈) ရက်နေ့နှင့် (၁၆.၈.၂၀၁၈) ရက်နေ့တွင် ပိုးစုကြီးအုပ်စု(ဘဲပြားကျေးရွာ၊ ပိုးစုကြီးကျေးရွာ)၊ အုတ်တွင်းကျေးရွာ အုပ်စု( သရက်ပင်ကွင်းကျေးရွာ) ၊ ကြပ်ကလေးကျေးရွာအုပ်စု (ကြပ်ကလေးကျေးရွာ)၊ ကလိုကွင်းကျေးရွာအုပ်စု (ကွင်းလှကျေးရွာ)နှင့် ရှောက်ခုံကျေးရွာအုပ်စု (လဲ့ဝါကွင်းကျေးရွာ)များကို ကွင်းဆင်းလေ့လာစေခဲ့ပြီး (၁၇.၈.၂၀၁၈) ရက်နေ့တွင် ကြံခင်းမြို့မှ ပြန်လည်ထွက်ခွာခဲ့ပါသည်။