မတူပီမြို့နယ်၊ ဖနိုင်အုပ်စု၊ ထီစောင်းကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် လူထုခန်းမဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့မှ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြု စီမံကိန်းဖြင့် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဖနိုင်ကျေးရွာအုပ်စု၊ ထီစောင်းကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သော လူထုခန်းမဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၈ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် ကျင်းပပြုလုပ်ကာ လူထုခန်းမဆောင်သစ်အား ချင်းပြည်နယ်၊ ပြည်နယ်ဦးစီးမှူး ဦးရဲမင်းကျော်၊ ပြည်နယ်စီမံကိန်းတာဝန်ခံ ဦးသန့်ဇင်ထွန်းနှင့် ကျေးရွာစီမံကိန်း အထောက်အကူပြုကော်မတီဥက္ကဌ ဒေါ်ပါရ်မွှေးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး၊ ပြည်နယ်ဦးစီးမှူး ဦးရဲမင်းကျော်၊ ဒုတိယညွှန်ကြားရေးမှူး ဦးတမ်အောင် ၊ ချင်းပြည်နယ်စီမံကိန်းတာဝန်ခံ ဦးသန့်ဇင်ထွန်း၊ မတူပီမြို့နယ်ဦးစီးမှူး ဦးအာလ်လျန်ထန်တို့မှ လူထုခန်းမဆောင်သစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးပေးခဲ့ကြပါသည်။

အခမ်းအနားသို့ ကျေးရွာလူထု၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး၊ ကျေးရွာလူထုမှ မိမိတို့ကျေးရွာ၏ အခက်အခဲတင်ပြချက်၊ သိလိုသည်များ မေးမြန်းချက်များကို ပြည်နယ်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး တို့မှ ရှင်းလင်းဖြေကြား ပေးခဲ့ကြ ပါသည်။