ဘီးလင်းမြို့နယ်ရှိ ကျေးရွာများသို့ ကမ္ဘာ့ဘဏ်အဖွဲ့မှ ကွင်းဆင်းခြင်း ဘီးလင်းမြို့နယ်။ လူထုဗဟိုပြုစီမံကိန်း

              

              စိုက်ပျိုးရေး၊ မွေးမြူရေ:နှင့် ဆည်မြောင်း၀န်ကြီးဌာန ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်း  အထည်ဖော်ထည်ဆောင်ရွက်လျှက်ရှိသော လူထုဗဟိုပြုစီမံကိန်း တတိယနှစ် စက်၀န်းအတွက် ( ၉.၈.၂၀၁၈ ) ရက်နေ့က  ကမ္ဘာ့ဘဏ်အဖွဲ့၊ ပြည်နယ်စီမံကိန်းတာ၀န်ခံနှင့်အတူ မြို့နယ်ဦးစီးမှူး၊ မြို့နယ်စီမံကိန်း တာ၀န်ခံ၊ ၀န်ထမ်းများနှင့် ဘီးလင်းမြို့နယ် စီမံကိန်းရုံး၌ ၀န်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် စီမံကိန်းဆောင်ရွက်နေသော ကျေးရွာများ ဖြစ်သည့်  မဲလံကျေးရွာအုပ်စု ဖားကဒူးကျေးရွာနှင့် ကျောက်ရေတွင်း ကျေးရွာအုပ်စု ဆင်စုကျေးရွာသို့ ကော်မတီ၀င်များ၊  ကျေးရွာလူထုများနှင့် တွေ့ဆုံပြီး စီမံကိန်းလုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသော အားသား ချက် အားနည်းချက်များကို  အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။