တပ်ကုန်းမြို့နယ် မြို့နယ်အဆင့် သက်ဆိုင်သူအဖွဲ့အစည်း ပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအစည်းအဝေးပွဲ ကျင်းပပြုလုပ်

၂၄ရက် ဇူလိုင်လ ၂၀၁၈ ခုနစ်

တပ်ကုန်းမြို့နယ် မြို့နယ်အဆင့် သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံ ပါဝင်သော သုံးသပ်ခြင်းအစည်းအဝေးပွဲအား (၂၄-၇-၂၀၁၈)ရက်နေ့ တပ်ကုန်းမြို့ အောင်ဆန်းခန်းမတွင် နံနက်(၉:၀၀)နာရီအချိန်တွင် နေပြည်တော်ကောင်စည်ဝင် တပ်ကုန်းမြို့နယ်တာဝန်ခံ ဦးတင်ထွန်းမှ အဖွင့်အမှာစကားပြောကြားခြင်း နေပြည်တော်ကောင်စည်ဝင် ဦးအေးမောင်စိန်မှ အမှာစကားပြောကြားခြင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်မှ အမှာစကားပြောကြားခြင်း တပ်ကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဇာဝင်းမှ စီမံကိန်း ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသူများမှ အုပ်စုငယ်များဖွဲ့၍ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှုများမှ အားသာချက်/အားနည်းချက် များနှင့် အကြံပြုချက်များ ဆွေးနွေးခြင်း၊ စီမံကိန်း ဆောင်ရွက်မှု အကောင်းဆုံး ကျေးရွာနှင့် ကျေးရွာအုပ်စုများအား ရွေးချယ်အမှတ်ပေးခြင်းနှင့် ဆုချီးမြှင့်ခြင်း၊ စီမံကိန်းအဖွဲ့ခေါင်းဆောင်ဦးခင်မောင်ဌေးမှ ဆုရွေးချယ်မှု အစီအစဉ်အား ရှင်းလင်းတင်ပြခြင်းတို့ဆောင်ရွက်ခဲ့ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်း တိုင်းတာဝန်ခံ ဦးတင်မောင်အေးမှ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်၊ သတင်းမီဒီယာများ၊ ကျေးရွာကော်မတီဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ပြီး အခမ်းအနားကို နေ့လည် (၁၄:၃၀)ခန့်တွင် အောင်မြင်စွာပြီးဆုံးခဲ့သည်။