လူထုဗဟိုပြုစီမံကိန်းမြို့နယ် ထပ်မံတိုးချဲ့ဆောင်ရွက်ရန် အကြံဉာဏ်ရယူခြင်း အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အမှာစကားပြောကြား

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနနှင့် ကမာ္ဘ့ဘဏ်တို့ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ချင်းပြည်နယ်လူထုဗဟိုပြုစီမံကိန်း၊ စီမံကိန်းမြို့နယ်ထပ်မံတိုးချဲ့ဆောင်ရွက်ရန် မြို့နယ်ရွေးချယ်ရေး၊ အကြံဉာဏ်ရယူခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် :၃၀ နာရီအချိန်တွင် ဟားခါးမြို့ Carson ခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ်ဉီးဆလိုင်းလျန်လွယ် ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ် ဉီးဝင်းမြင့်ကျော်၊ ပြည်နယ်စာရင်းစစ်ချုပ် ဉီးလာတင်မန်း၊ ပြည်နယ်ဉပဒေချုပ် ဉီးဆန်နီထန်ကျုံး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဉီးတိုးဝင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန(ရုံးချုပ်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးမောင်ဝင်း၊ ညွှန်ကြားရေးမှူး ဉီးကျော်စွာအောင်၊ ပြည်နယ် ၊ခရိုင် ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပါသည်။

ရှေးဉီးစွာ ပြည်နယ်ဝန်ကြီးချုပ်ဉီးဆလိုင်းလျန်လွယ်မှ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် အခြေခံအဆောက်အအုံနှင့်လူထုလိုအပ်ချက်များကို ဖြည့်စွမ်းပေးမည့် လူထုဗဟိုပြုစီမံကိန်း (NCDDP) ကို ၂၀၁၃ ခုနှစ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယခုအခါ သတ္တမနှစ်ကာလကို ရောက်ရှိနေပြီဖြစ်ကြောင်း လူထုဗဟိုပြုစီမံကိန်းသည် မြို့နယ်()မြို့နယ်လျှင်()နှစ်ဆက်တိုက် ကူညီထောက်ပံ့ပေးလျက်ရှိရာ နိုင်ငံတစ်ဝန်း(၆၃)မြို့နယ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော စီမံကိန်းနှစ်များအတွင်း ကျေးလက်နေလူဉီးရေ()သန်း ကျော်ခန့်၏ ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုနိုင်ခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် အခြေခံအဆောက်အဉီများတည်ဆောက်ပေးခြင်း လိုအပ်သည့် ငွေကြေးအထောက်အပံ့များထောက်ပံ့ပေးခြင်း စီမံကိန်းလုပ်ငန်းရွေးချယ်ရာတွင် ကျေးလက်နေပြည်သူများ၏ ပူးပေါင်းပါဝင်မှုအားကောင်းလာစေရန် စီမံကိန်းအကြောင်းကြိုတင် မိတ်ဆက်ဆွေးနွေးခြင်း စွမ်းဆောင်ရည်မြင့်မားလာစေရန် ကဏ္ဍအလိုက်နည်းပညာဆိုင်ရာသင်တန်းပေးခြင်းတို့ကို ကူညီပံ့ပိုးပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ရာ ချင်းပြည်နယ်အနေဖြင့်လည်း ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးရေး လိုအပ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပွင့်လင်းမြင်သာစွာ ဆွေးနွေးသွားကြပါရန်နှင့်မြို့နယ်ရွေးချယ်ခြင်း ပြီးစီးပြီး စီမံကိန်းလုပ်ငန်းစဉ် စတင်အကောင်အထည်ဖော်ဆောင်ရွက်သည့်အချိန်တွင်လည်း ဌာနဆိုင်ရာအဖွဲ့အစည်းများ ကျေးရွာလူထုများနှင့် သက်ဆိုင်သူအားလုံးမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာန(ရုံးချုပ်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဉီးမောင်ဝင်းမှ မိတ်ဆက်စကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန(ရုံးချုပ်)၊ ညွှန်ကြားရေးမှူးဉီးကျော်စွာအောင်မှ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများ၏ မေးမြန်းဆွေးနွေးချက်များအား ဉီးကျော်စွာအောင်မှ ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

ထို့နောက်အုပ်စုငယ်များခွဲ၍ သတ်မှတ်ချက်များအတိုင်း လူထုဗဟိုပြုစီမံကိန်းမြို့နယ်ကို ရွေးချယ်ခဲ့ကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန(ရုံးချုပ်)၊ ညွှန်ကြားရေးမှူး ဉီးကျော်စွာအောင်မှ ဆွေးနွေးချက်ရလဒ်များအား တင်ပြကာ မင်းတပ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းမှ နိဂုံးချုပ်အမှာစကားပြောကြားခြင်းဖြင့် အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြပါသည်။