ဧရာဝတီတိုင်းဒေသကြီး စီမံကိန်းမြို့နယ်ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်းအစည်းအဝေးကျင်းပ

 ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း လူထုဗဟိုပြုစီမံကိန်း တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းမြို့နယ်ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်း အစည်းအဝေးကို ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်  ဖေဖေါ်ဝါရီလ ရက်နေ့၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးချုပ်မှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က စီမံကိန်း အကြောင်းမိတ်ဆက်စကား ပြောကြားခဲ့ပြီး၊ ညွှန်ကြားရေးမှူး ဦးလှခိုင်က စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် စီမံကိန်းရွေးချယ်ရေးစည်းမျဉ်းများအား ရှင်းလင်းခြင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းသည်များကို ညွှန်ကြားရေးမှူးဦးလှခိုင်မှ ပြန်လည်ရှင်းလင်းဖြေကြားခြင်းတို့ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ING0, NGO,CSO,CBO များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ရပ်မိရပ်ဘများ စုစုပေါင်း လူဦးရေ (၅၂၈) ဦးခန့်တက်ရောက်ခဲ့သည်။

ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာသူများအား အဖွဲ့  ၁၀ ဖွဲ့ခွဲ၍ စီမံကိန်းမြို့နယ်ရွေးချယ်မှု များဆောင်ရွက်ခြင်းနှင့်  တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးနေထက်ရှိန်မှ အဖွဲ့များ၏ ဆွေးနွေးမှုရလာဒ်များအား တင်ပြခဲ့ပြီး စီမံကိန်းဆောင်ရွက်ရန် ပထမဦးစားပေးမြို့နယ်အဖြစ် ဒေးဒရဲမြို့နယ်အဖြစ်လည်းကောင်း၊ ဒုတိယ ဦးစားပေးမြို့နယ်အဖြစ် မော်လမြိုင်ကျွန်းမြို့နယ် အဖြစ်လည်းကောင်း ရွေးချယ်ခံရသော မြို့နယ်အမည် စာရင်း များအား ကြောငြာပေးပြီးနောက် တိုင်းဒေကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ခိုင်မှ နိဂုံးချုပ်စကား ပြောကြားကာ အခမ်းအနားကိုအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။