သတင်းအချက်အလက်ဖြန့်ဝေခြင်းနှင့် မှတ်တမ်းဓါတ်ပုံပြခန်းပြုလုပ်

၁၉ ဖေဖေါ်ဝါရီလ ၂၀၁၉

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ လူထုဗဟိုပြုစီမံကိန်း ပထမနှစ်စက်၀န်းတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသော သတင်းပြန်ကြားဆက်သွယ်ရေးပြခန်းကို ကော့ကရိတ်မြို့နယ်ခွဲ ကျုံဒိုးမြို့တွင် ဖေဖေါ်ဝါရီလ (၁၇)ရက်နေ့မှ (၁၉)ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။ အဆိုပါပြခန်းတွင် လူထုဗဟိုပြုစီမံကိန်းမှ ထုက်ဝေထားသော လက်ကမ်း စာစောင်များ၊ IEC များ ခင်းကျင်းပြသခြင်း၊ ပထမနှစ်စက်ဝန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မှတ်တမ်းဓါတ်ပုံများ ပြသခြင်းနှင့် ပြခန်းသို့ လာရောက်လေ့လာကြသော ကျေးရွာလူထုများအား လူထုဗဟိုပြု စီမံကိန်းနှင့် ပတ်သက်သော ဗဟုသုတ အမေးအဖြေများ မေးမြန်းကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ယခုကဲ့သို့ ပြခန်းဆောင်ရွက်ခြင်းကြောင့် စီမံကိန်းနှင့်ပတ်သက်၍ ကျေးရွာလူထုများ ရင်းနှီးမှုပိုမိုရရှိစေသည်သာမက စီမံကိန်း၏သဘောတရားများ သိရှိလာခြင်း၊ ဝန်ထမ်းများနှင့် ကျေးရွာလူထုများ ရင်းနှီးကျွမ်းဝင်မှုများရရှိစေခြင်း စသော အကျိုးကျေးဇူးများ ရရှိခဲ့ပါသည်။