ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း) မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအစည်းအဝေးကျင်းပခြင်း

  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ ငပုတော မြို့နယ် လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း ) မြို့နယ်အဆင့်သက်ဆိုင်သူ ပေါင်းစုံပါဝင်သောသုံးသပ်ခြင်း အစည်းအဝေးကို (၂၂.၆.၂၀၁၈) ရက်နေ့၊ နံနက် (၉) နာရီအချိန် ငပုတောမြို့နယ်  မိုးလုံ၊လေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစိုးသန်းမှ အဖွင့်အမှာစကားပြောကြား၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးမှ ဆွေးနွေးပြောကြား၍  မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာကော်မတီများ စုစုပေါင်းလူဦးရေ (၅၀၀) ကျော်တက်ရောက်ခဲ့ပြီး  ဆုရရှိသော ကျေးရွာများအားဆုချီးမြှင့်၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးတာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။