ကြခတ်ချောင်းအုပ်စု၊ အုန်းတပင်ကျေးရွာမြေရောကျောက်စရစ်လမ်းဖွင့်ပွဲကျင်းပ

၂၈-၃-၂၀၁၉ ရက်နေ့တွင် လူထုဗဟိုပြုစီမံကိန်းမှဦးစီးဆောင်ရွက်သော ကြခတ်ချောင်းကျေးရွာအုပ်စု၊ အုန်းတပင်ကျေးရွာတွင်    ကျေးရွာမြေရော  ကျောက်စရစ်လမ်းဖွင့်ပွဲ  အခမ်းအနားနှင့်      လူထုစစ်ဆေးပွဲ ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးစောလှထွန်းနှင့် လူထုဗဟိုပြုစီမံကိန်းမှ နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်မြင့်တို့မှ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျေးရွာ ရပ်မိရပ်ဖများမှ လမ်းအထိမ်းအမှတ်ကျောက်စာတိုင်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းခဲ့ပါသည်။

ထို့နောက် အုန်းတပင်ကျေးရွာရှိ ကရင်လူငယ်မောင်မယ်များမှ ကရင်ရိုးရာဒုံးယိမ်းအကဖြင့် ကပြသီဆို ခဲ့ပြီး လူထုစစ်ဆေးပွဲကို အောင်မြင်စွာ ဆောင်ရွက်နိုင်ကြောင်း သတင်းရရှိခဲ့သည်။