ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ ဆောင်ရွက်သောမြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းတို့အား  ပြည်ထောင်စု၀န်ကြီးဒေါက်တာအောင်သူမှ ကွင်းဆင်းစစ်ဆေးခြင်း

၂၂၊၄၊၂၀၁၈

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်

                      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာအောင်သူသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးခန့်ဇော် ၊ညွန်ကြားရေးမှူး ဦးလှခိုင်၊ မွန်ပြည်နယ်ကျေးလက်ဦးစီးဌာနမှ တာ၀န်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ မွန်ပြည်နယ် သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဇုတ်သုတ်ကျေးရွာအုပ်စု၊ဇုတ်သုတ်ရွာမတွင်လူထုဗဟိုပြုစီမံကိန်းမှအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော မူလွန်(RC)နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်းအခြေအနေနှင့် သဲဖြူချောင်းကျေးရွာအုပ်စု၊ ကျိုက်တဲကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းနှင့် လူထုဗဟိုပြုစီမံကိန်း၏လူထုနားနေဆောင်ဆောက်လုပ်ခြင်းလုပ်ငန်းအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။                                          ထို့နောက်ကျေးရွာစီမံကိန်းကော်မတီ၀င်များနှင့် မြစိမ်းရောင်ကျေးရွာ ရံပုံငွေကြီးကြပ်မှုကော်မတီ၀င်များမှ လုပ်ငန်းတိုးတက်ဆောင်ရွက်မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စု၀န်ကြီးနှင့် ကျေးလက်ညွှန်ချုပ်တို့မှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။