ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများ ကျေးရွာများသို့ လက်တွေ့ကွင်းဆင်းဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြု စီမံကိန်း (NCDDP) ကို ချင်းပြည်နယ်(မြောက်ပိုင်း)၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်တွင် ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းပထမနှစ်စက်ဝန်းအဖြစ်စတင်ဆောင်ရွက်လျက်ရှိရာ စည်းရုံးရေးမှူးများသင်တန်း အပိုင်း (၁) (TOF-1) ကို ဧပြီလ (၂၄) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်းကို မေလ(၁) ရက်နေ့နှင့် (၂) ရက်နေ့တို့တွင် လုံတပ်ကျေးရွာအုပ်စု၊ နတ်ဇန်ကျေးရွာနှင့် လုံတပ်ကျေးရွာများ၌ ပြုလုပ်ခဲ့ကြပါသည်။ နတ်ဇန်ကျေးရွာ ပထမအကြိမ်အစည်းအဝေးတွင် ကျေးရွာမှဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း ခွဲများနှင့် ကော်မတီဝင်များ ရွေးချယ်ခဲ့ကြပြီး၊ လုံတပ်ကျေးရွာပထမအကြိမ်အစည်းအဝေးတွင် တက်ရောက်လာကြသော ကျေးရွာလူထုများမှ ၄င်းတို့ကျေးရွာတွင် အကောင်အထည်ဖော်ဆောင် ရွက်မည့် ရေရရှိရေးလုပ်ငန်းများ၊ ကျောင်းဆောင်တိုးချဲ့ခြင်းလုပ်ငန်းများ၊ ဆေးပေးခန်းလုပ် ငန်းနှင့် သွားလာရေးအဆင်ပြေလွယ်ကူစေရန် လမ်းများတိုးချဲ့ခြင်းလုပ်ငန်းတို့ကို ဖော်ထုတ်နိုင်ခဲ့ကြပြီး ကျေးရွာစီမံခန့်ခွဲ့မှုကော်မတီများကိုလည်း ဒီမိုကရေစီနည်းစနစ်ဖြစ်သော လျို့ဝှက် မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ကြကြောင်းသိရှိရပါသည်။