လူထုဗဟိုပြုစီမံကိန်းမြို့နယ်ဦးစီးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြု စီမံကိန်းရုံးခွဲ၌ (၂၃.၄.၂၀၁၈) ရက်နေ့ နံနက်(၈:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးစီမံကိန်းတာ၀န်ခံ၊ စီမံကိန်းမြို့နယ်များမှ မြို့နယ် ဦးစီးမှူးများ၊ မြို့နယ်စီမံကိန်းတာ၀န်ခံတို့မှ စီမံကိန်းလုပ်ငန်းအကြောင်း ဆွေးနွေးတင်ပြခဲ့ ကြပါသည်။

          ပင်လည်ဘူးမြို့နယ်   လူထုဗဟိုပြုစီမံကိန်းရုံးမှ မြို့နယ်ဦးစီးမှူးမှ စတုတ္ထနှစ် စက်ဝန်းတွင် ပင်လည်ဘူးမြို့နယ်တွင်    စီမံကိန်းလုပ်ငန်းခွဲပေါင်း (၁၅၄) ခုအနက်  လုပ်ငန်းခွဲ(၉၂)ခု ပြီးစီးပြီး Social Audit(၇၄)ခု ဆောင်ရွက်ပြီးကြောင်းနှင့် စီမံကိန်း လုပ်ငန်းများအတွက် လိုအပ်သောသစ်များမှာ အခက်အခဲရှိနေပါကြောင်း တင်ပြဆွေးနွေး ပါသည်။

          ဗန်းမောက်မြို့နယ် လူထုဗဟိုပြုစီမံကိန်းရုံးမှ မြို့နယ်ဦးစီးမှူးမှ မိမိမြို့နယ်အနေဖြင့်   သစ်သားဖြင့်ဆောင်ရွက်သော လုပ်ငန်းခွဲ(၃၇)ခုရှိသဖြင့်   သစ်ကိစ္စတွင် အခက်အခဲများရှိနေ သောကြောင့် လုပ်ငန်းတိုးတက်မှု နှောင့်နှေးရခြင်းဖြစ်ပါကြောင်း တင်ပြဆွေးနွေးသွား ပါသည်။

          မြောင်မြို့နယ်   လူထုဗဟိုပြုစီမံကိန်းရုံးမှ    မြို့နယ်ဦးစီးမှူးမှ စီမံကိန်း လုပ်ငန်းခွဲပေါင်း(၉၂)ခုအနက်   လုပ်ငန်းခွဲ(၇၆)ခု  ပြီးစီးပြီး   Social Audit(၇၆)ခု   ဆောင်ရွက်ပြီး ကြောင်းနှင့်  ကင်းကျေးရွာ   ကျောင်းခြံစည်းရိုးခတ်ခြင်းလုပ်ငန်းမှာ    စတုတ္ထအကြိမ်အစည်းအဝေး ဆောင်ရွက်ပြီးပါကြောင်း၊   ကျောင်းခြံစည်းရိုးကာရံခြင်း  ဆောင်ရွက်ရာတွင်   သစ်ပင်များခုတ်ထွင် ရှင်းလင်းပြီး   အစားထိုးစိုက်ပျိုးရန်   စိမ်းလန်း စိုပြေရေးဦးစီးဌာနနှင့်  ညှိနှိုင်းပြီး  ECoPs အတိုင်း လိုက်နာဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း တင်ပြဆွေးနွေး သွားပါသည်။

          ကနီမြို့နယ် လူထုဗဟိုပြုစီမံကိန်းရုံးမှ မြို့နယ်ဦးစီးမှူးမှ မိမိမြို့နယ်အနေဖြင့်   ရုံးအဆောက်အဦးပြင်ဆင်ခြင်းလုပ်ငန်း   ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊   စီမံကိန်းလုပ်ငန်း သုံးဆိုင်ကယ်များ  ရောက်ရှိပြီဖြစ်ပါကြောင်းတင်ပြဆွေးနွေး သွားပါသည်။

          ကျွန်းလှမြို့နယ်  လူထုဗဟိုပြုစီမံကိန်းရုံးမှ  မြို့နယ်ဦးစီးမှူးမှ အခြားအခက် အခဲများ    မရှိပါကြောင်း၊    ရုံးအဆောက်အဦး(Extension)  အတွက်     ခန့်မှန်းတွက်ချက် မှုစာရင်း (Estimate)အား တွက်ချက်ပြီးဖြစ်ပါသဖြင့် အချိန်မှီတင်ပြသွားမည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးသွားပါသည်။

          ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးမှ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို နံနက်(၉:၀၀)အချိန် တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။