လက်ထောက်နည်းပညာရေးမှူးများ မွမ်းမံသင်တန်းပြုလုပ်

 ၂ စက်တင်ဘာလ ၂၀၁၉

            ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လက်ထောက်နည်းပညာရေးမှူးများ မွမ်းမံသင်တန်း(TTF-1)ကို (၂.၉.၂၀၁၉)ရက်နေ့၊ နံနက်(၉:၃၀)တွင် စတင်၍ ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာန မြို့နယ်ဦးစီးမှူး ဦးစောဆားဒေါက်ဖေါ့မှ အဖွင့်အမှာစကားပြောပြီး သင်တန်းအား စတင်ပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို လက်ထောက်နည်းပညာရေးမှူးစုစုပေါင်း (၁၉)ဦးတက်ရောက်ကြပြီး ပြည်နယ်နည်းပညာ အကြံပေးများဖြစ်ကြသော ဦးအောင်ကျော်စျာန်နှင့် ဦးထူးဇော်သက်တို့မှ ဦးဆောင်၍ (၅)ရက်တာ ပြုလုပ်မည်ဖြစ်ပါသည်။

            သင်တန်းတွင် လက်ထောက်နည်းပညာမှူးများအနေဖြင့် ယခင်နှစ် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှု၏ အတွေ့အကြုံများ အပေါ်အခြေခံ၍ ယခုနှစ်တွင် အကောင်းဆုံးဆောင်ရွက်နိုင်ရန် အစီအစဉ်များရေးဆွဲခြင်း၊ အဆောက်အဦးတည်ဆောက်ခြင်းဆိုင်ရာ ဒီဇိုင်းများအား ကောင်းမွန်စွာရေးဆွဲနိုင်ရန် သင်ကြားပေးခြင်း၊ လူမှုအကာအကွယ်/သဘာဝအကာအကွယ်များဖြင့် စီမံကိန်းလုပ်ငန်းခွဲများအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေခြင်း၊ ကျေးရွာစီမံခန့်ခွဲရေးကော်မတီအဖွဲ့များအနေဖြင့် စီမံကိန်းလုပ်ငန်းခွဲများအပေါ် ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်စေခြင်း စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းပို့ချပေးလျက်ရှိပါသည်။