RWSMIS Application အသုံးပြု၍ရေပေးရေးဆိုင်ရာအချက်အလက်များကောက်ယူခြင်း၊Management Information System MIS သင်တန်း ကျင်းပ

မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသောလူထုဗဟိုပြုစီမံကိန်းရုံးမှ RWSMIS Application အသုံးပြု၍ရေပေးရေးဆိုင်ရာအချက်အလက်များကောက်ယူခြင်း Management Information MIS သင်တန်းဖွင့်ပွဲကို ကျေးလက်ဦးစီးမူးမှအဖွင့်အမှာစကားပြောကြားခြင်း၊ကျားမရေးရာနည်းပညာအကြံပေးဦးမျိုးဝင်းထွန်းမှ စစ်တမ်းကောက်ယူသည့်လုပ်ငန်းအချိန်မှီပြီးစီးဆောင်ရွက်ကြရန်နှင့်သင်တန်းဆရာမ ဒေါ်ရီရီမြင့်မှသင်တန်းပြုလုပ်ရသည့်ရည်ရွယ်ချက်ကိုပြောကြားခဲ့ပါသည်။အဆိုပါသင်တန်းကို 29.10.2019မှ 30.10.209ရက်နေ့အထိ ၂ ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။သင်တန်းဆရာများအဖြစ် ဒေါ်ရီရီမြင့် Tsp Infra နှင့် မလှမျိုးသူ TF တို့မှ ပို့ချပြီး လူထုစည်းရုံးရေးမူး၊လက်ထောက်နည်းပညာမူးများ၊ကျေးလက်ဝန်ထမ်းများ၊နည်းပညာအကြံပေးများ စုစုပေါင်း 77 ဦးတက်ရောက်သည်။