ငါန်းဇွန်မြို့နယ်တွင် ကျေးလက်ရေရရှိရေး လုပ်ငန်းအချက်အလက်များ ကောက်ယူခြင်း ဆင့်ပွားသင်တန်းဖွင့်

ငါန်းဇွန်မြို့နယ်တွင် ကျေးလက်ရေရရှိရေး လုပ်ငန်းအချက်အလက်များ ကောက်ယူခြင်း ဆင့်ပွားသင်တန်းဖွင့်

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အမှန်တကယ်လိုအပ်သော ကျေးရွာများအတွက် သန့်ရှင်းသော သောက်သုံးရေရရှိစေရန် ရည်ရွယ်၍ ကျေးလက်ရေရရှိရေး လုပ်ငန်းအချက်အလက်များ ကောက်ယူခြင်း ဆင့်ပွားသင်တန်းဖွင့်ပွဲကို အောက်တိုဘာ ၂၉ ရက်နံနက် ၉ နာရီက ငါန်းဇွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးဝင်းထွန်းက သင်တန်းဖွင့်အမှာစကားပြောကြာသည်။

သင်တန်းတွင် Tablet များအသုံးပြု၍ Software Update များ ဒေါင်းလုပ်ဆွဲနည်း၊ Software အသုံးပြု၍ ကျေးရွာများရှိ ရေရရှိရေး လုပ်ငန်းအချက်အလက်များ ကောက်ယူပြီး လက်တွေ့ဖြည့်သွင်းနည်းနှင့် ရေအရည်အသွေးစစ်နည်းများ စသည်တို့ကို နည်းပြဆရာ၊ ဆရာမ နှစ်ဦးက အဓိကထား သင်ကြားပေးမည်ဖြစ်သည်။

အဆိုပါသင်တန်းကာလမှာ အောက်တိုဘာ ၂၉ ရက်မှ ၃၀ ရက်အထိ နှစ်ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက Software အသုံးပြု၍ ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာများမှ တိကျမှန်ကန်သော data များကိုကွင်းဆင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ကျေးလက်ရေရရှိရေး လုပ်ငန်းအချက်အလက်များ ကောက်ယူခြင်း ဆင့်ပွားသင်တန်းသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်နည်းပညာအကြံပေးအဖွဲ့များနှင့် လူထုဗဟိုပြုစီမံကိန်းအတွက် ခန့်အပ်ထားသည့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မင်းမြင့်မိုရ်