စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် လူထုဗဟိုပြုစီမံကိန်း စီမံကိန်းမိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

၈-၁၁-၂၀၁၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း စီမံကိန်းမိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားအား စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ကျွန်းလှမြို့ စုပေါင်းရုံးခမ်းမတွင် နိုဝင်ဘာလ (၈)ရက် ၂၀၁ရခုနစ် နံနက်(၉းဝဝ)နာရီအချိန်တွင်ကျင်းပခဲ့ပါသည်၊၊ အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ရပ်မိရပ်ဖများ၊ NGO/INGO၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စုစုပေါင်း (၄၀၉)ဦးခန့် တက်ရောက်ခဲ့ပါသည်၊၊

အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ခဲ့သည် ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်မှ စီမံကိန်းမိတ်ဆက်စကားပြောခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးမှ နှုတ်ဆက်အမှာစကားပြောကြားခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမင်းထွန်းမှ စီမံကိန်းစက်ဝန်းအားရှင်းလင်းတင်ပြခြင်းနှင့် စစ်ကိုင်းတိုင်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ အမှတ်-၁ ဦးကျော်လင်းမှ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားအား(၁၂းဝဝ)နာရီတွင် အောင်မြင်စွာပြီးဆုံးခဲ့သည်၊၊