ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရန်ဆွေးနွေး

လှိုင်းဘွဲ ဇူလိုင် ၁၂

        စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ဆောင်ရွက်လျှက်ရှိသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)တွင်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက် နိုင်ရန်အတွက် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီအစည်းအဝေးကို (၁၂.၇.၂၀၁၉) ရက် ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ ကျင်းပသည်။

        ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးစောအောင်မျိုးမြင့်မှ ဆောင်ရွက်မည့်လုပ်ငန်းများ ရှင်းလင်းတင်ပြသည်။

        ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂၈) အုပ်စု ကျေးရွာ(၈၀)ရွာအတွင်း ဆောင်ရွက်မည့်လုပ်ငန်းပေါင်း (၈၅)ခုအတွက် ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။