ထိုးဝါးစိုက်ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းအား ကြည့်ရှု့ စစ်ဆေး

Bago, 28 May 2020, Kyaukgyi CDD

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ်စက်ဝန်းကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ကျောက်ကြီးမြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျောက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းမှ လူထုစည်းရုံးရေးမှူး ဒေါ်ယုယအောင်နှင့် လက်ထောက် နည်းပညာမှူး ဒေါ်ဖြိုးသူဇာ တို့သည် ထိုးဝါးစိုက်ကျေးရွာအုပ်စု၊ ထိုးဝါးစိုက်ကျေးရွာတွင် စီမံကိန်း ထောက်ပံ့ရံပုံ‌ငွေ ၂၉, ၀၉၆,၃၀၀ ကျပ်ဖြင့် ဆောင်ရွက်‌သော ရွာတွင်း လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း အတိုင်းအတာ အရှည် ပေ ၄၇၀၀၊ အကျယ် ၄ ပေနှင့် ထု ၆ လက်မခင်းခြင်း ဆောင်ရွက် ပြီးစီးမှုကို အပြီးသတ်စစ်ဆေးခြင်း၊ လုပ်ငန်းအတိုင်းအတာနှင့် အရည်အသွေးပြည့်မှီရှိမရှိနှင့် သတ်မှတ် စံချိန်စံညွန်း အတိုင်း‌ ဆောင်ရွက်ထားရှိမှု ရှိ၊ မရှိတို့အားစစ်ဆေးခဲ့သည်။

ထို့နောက် ကျေးရွာ စီမံကိန်း ကော်မတီဝင်များနှင့်တွေ့ကာ စီမံကိန်းဆောင်ရွက်ထားရှိမှု၊ ပြီးစီးမှုအ‌‌ခြေအ‌နေနှင့် ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များ၊ လုပ်ငန်းလည်ပတ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး အစီအစဉ်ထားရှိမှု အခြေအနေများကိုဆွေးနွေးကာ ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းအား ကျေးရွာ လူထုနှင့် ကော်မတီများထံသို့ အပြီးသတ် လွဲပြောင်းပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ စီမံကိန်းဝန်ထမ်းများသည် ကော်မတီဝင်များနှင့်အတူထောက်ပံ့ သုံးစွဲငွေများကို အပြီးသတ် စာရင်းပြုစုခြင်း၊ ငွေစာရင်းရှင်းတမ်းများအား ကျေးရွာလူထုများသို့ ပြန်လည်အသိပေး ကြေငြာခြင်းနှင့် COVID -19 ကာလအတွင်း စီမံကိန်းအပြီးသတ်စစ်ဆေးခြင်းအတွက် လူထုစစ်ဆေးပွဲ လုပ်ဆောင်မည့်အစီအစဉ်များကိုဆွေးနွေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။

#NCDDP #DRD #MOALI #WorldBank