စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ် လူထုဗဟိုပြုစီမံကိန်း စီမံကိန်းမိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ



၁၅-၁၁-၂၀၁၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း
စီမံကိန်းမိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားအား စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ် ကနီမြို့နယ်ခမ်းမတွင် နိုဝင်ဘာလ (၁၅)ရက် ၂၀၁ရခုနစ် နံနက်(၉းဝ၀)နာရီအချိန်တွင်ကျင်းပခဲ့ပါသည်၊၊ အခမ်းအနားသို့
ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ရပ်မိရပ်ဖများ၊ NGO/INGO၊ လွှတ်တော်ကိုယ်စားလှယ်များ၊တက်ရောက်ခဲ့ပါသည်၊၊ အဆိုပါ အခမ်းအနားကို အခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ
အဖွင့်အမှာစကာပြောကြားခြင်း၊ ပြည်ထောင်စုအဆင့် ကျေးလက်ဒသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမှ စီမံကိန်းမိတ်ဆက်စကားပြောကြားခြင်း ကမ္ဘာဘဏ်မှ ဒေါ်သိင်္ဂိမင်း
မှ နှုှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ ပြည်ထောင်စုအဆင့်မှ စီမံကိန်းတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊
မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်များ၊ရပ်မိရပ်ဖများနှင့် ကျေးရွာများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီး အခမ်းအနားအား(၁၂းဝ၀)နာရီတွင် အောင်မြင်စွာပြီးဆုံးခဲ့သည်၊၊