လူထုဗဟိုပြုစီမံကိန်း စတင်အကောင်ထည်ဖော် ဆောင်ရွက်မည့် မြို့နယ်သစ်များမှ စီမံကိန်းဝန်ထမ်းများအားသင်တန်းပို့ချ

NCDDP

နေပြည်တော် ဇန်နဝါရီ ၂၆ရက် ၂၀၂၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း စတင်အကောင်ထည်ဖော် ဆောင်ရွက်မည့် မြို့နယ်သစ်များအတွက် စီမံကိန်းဝန်ထမ်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းစဥ်များ၊သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် လုပ်ထုံးလုပ်နည်းများ သိရှိနားလည်စေရန် "လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(/၂၀၂၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၆--၂၀၂၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရုံးအမှတ်(၃၆) ကျင်းပြုလုပ်ရာ လူထုဗဟိုပြုစီမံကိန်း စီမံကိန်းဒါရိုက်တာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ အဆိုပါ စီမံကိန်း စတင်အကောင်ထည်ဖော် ဆောင်ရွက်မည့် မြို့နယ်သစ်(၁၃)မြို့နယ်များမှ မြို့နယ် () မြို့နယ်နှင့် သင်တန်းသား/သူ (၁၄၄)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၂၆--၂၀၂၁)ရက်နေ့မှ (--၂၀၂၁)နေ့အထိ Video Conferencing စနစ်ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။