ချင်းပြည်နယ်၊ မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်စက်ဝန်း)မှ လက်ထောက်နည်းပညာမှူးများသင်တန်းဖွင့်လှစ်

ချင်းပြည်နယ်၊ မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်စက်ဝန်း)မှ လက်ထောက်နည်းပညာမှူးများသင်တန်း (Training of Technical Facilitators)ကို ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ(၁၀) ရက်နေ့မှ (၁၄) ရက်နေ့အထိ မတူပီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်(ရုံးချုပ်)၊ Infrastructure Teamမှ ဆရာဦးနေမျိုးအောင် ဦးဆောင်ပြီး State Infra. And Safeguard Assistant များဖြစ်ကြသော ဆရာဦးချစ်စမ်းမောင်နှင့် ဆရာမဒေါ်သန္တာသက်တို့မှ သင်ကြားပို့ချပေးခဲ့ကြရာ သင်တန်းသား(၁၉)ဦးတက်ရောက်ခဲ့ကြပါသည်။

သင်တန်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များမှာ (၁) Project Management တွင် ပါဝင်သော Knowledgesနှင့် Tools များအား သိရှိနားလည်ပြီး လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းအား အထောက်အကူပြုစေ ရန်၊ (၂) Technical Audit အကြံပြုချက်များနှင့် State Infrastructure တို့၏ ကွင်းဆင်းတွေ့ရှိချက်နှင့် အကြံပြုသုံးသပ်ချက်များအား သိရှိပြီး လုပ်ငန်းအရည်အသွေးပိုမိုကောင်းမွန်လာစေရန်နှင့် Design Consideration ပိုင်းကို ပိုမိုသိရှိလာစေရန်နှင့် (၃) သင်တန်းတွင်ပါဝင်သော Knowledgesနှင့် Tools များအား သိရှိနားလည်ပြီး လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ကျေးရွာလူထုစွမ်းဆောင်ရည် ပိုမိုမြင့်တက်လာစေရေးတွင် ကူညီပံ့ပိုးနိုင် စေရန်တို့ဖြစ်ပါသည်။

လူထုဗဟိုပြုစီမံကိန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းလျက် ဆောင်ရွက်ခဲ့သော လုပ်ငန်းဖြစ်ရာ စီမံကိန်းထောက်ပံ့ရန်ပုံငွေများကို (၄)နှစ်ဆက်တိုက် ပံ့ပိုးပေးသွားမည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းများကို ကျေးရွာလူထုကိုယ်တိုင်ရွေးချယ်ကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပါသည်။

မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်းကို (၂၀၁၆-၂၀၁၇)ခုဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ နောက်ဆုံးနှစ်ဖြစ်သော စတုတ္ထနှစ်စက်ဝန်းသို့ ရောက်ရှိနေပြီဖြစ်ပါသည်။