ကျေးရွာအဆင့် ဘဏ္ဍာရေးသင်တန်းဖွင့်

လှိုင်းဘွဲ ဇူလိုင် ၂

        စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ဆောင်ရွက်လျှက်ရှိသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)တွင် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် နည်းလမ်းများကို မှန်ကန်စွာ ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ကျေးရွာအဆင့်ဘဏ္ဍာရေးသင်တန်း စတုတ္ထအကြိမ် မြောက်ကို ကျေးရွာအုပ်စု(၆)အုပ်စုမှ ကော်မတီဝင်(၃၃)ဦး (ကျား-၁၉၊ မ-၁၄) ယနေ့ (၂.၇.၂၀၁၉) ရက်နေ့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် စီမံကိန်း ဘဏ္ဍာရေးတာဝန်ခံ  ဒေါ်ငြိမ်းငြိမ်းအောင်မှ ဆွေးနွေးပို့ချကြောင်း သိရပါသည်။