ပျော်ဘွယ်မြို့ လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး



မန္တလေးတိုင်း ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးသန်း၊ရမည်းသင်းခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းနှင့်အဖွဲ့သည် ပျော်ဘွယ်မြို့တွင်ဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများကို မတ်လ ၁၃ ရက် နေ့တွင် ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး နှင့်အဖွဲ့ဝင်များသည် ပျော်ဘွယ်မြို့နယ် ကန်သာအုပ်စု ဆွဲမှန်ကျးရွာ၌ လူထုဗဟိုပြုစီမံ ကိန်း တတိယနှစ်စက်ဝန်းပံ့ပိုးငွေ ၂၁၅၉၆၄၀၀ ကျပ် ဖြင့် ဆောင်ရွက်သည့် လမ်းအရှည်ပေ ၉၄၀၊လမ်းအကျယ် ၁၈ ပေနှင့် ထု၈ လက်မရှိ ရွာအဝင်ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများက်ု ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။

ထိုနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ရှိဦးစီးဌာနဝန်ထမ်း များ၊လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်း များနှင့်တွေ့ဆုံပွဲပြုလုပ်ပြီး ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြရာ တိုင်း ဒေသကြီး ညွှန်ကြားရေးမှူးက လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီဆောင်ရွက်ရန်နှင့် ပရဟိတစိတ်အခြေခံဖြင့် အမှားအယွင်းနည်းပါးစွာ ဖြင့်ဆောင်ရွက်ကြရန်မှာကြားသည်။

ဖြိုထက်အောင်(ပျော်ဘွယ်)