လူထုဗဟိုပြုစီမံကိန်း ရံပုံငွေဖြင့် ကျေးရွာမီးလင်းရေးလုပ်ငန်းဖွင့်လှစ်

 

မကွေးတိုင်းဒေသကြီးပခုက္ကူခရိုင်ပေါက်မြို့နယ်လယ်လန်းအုပ်စု၊လယ်လန်းကျေးရွာ၌လူထုဗဟိုပြုစီမံကိန်းထောက်ပ့ံရံပုံငွေဖြင့်ဆောင်ရွက်ခဲ့သည့်မီးကြိုးမီးတိုင်လုပ်ငန်းးဖွင့်ပွဲကိုမေ၃ဝရက်နံနက်ပိုင်းတွင်အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း၌ကျင်းပသည်။ကျေးရွာမီးလင်းရေးလုပ်ငန်းဖွင့်ပွဲကိုကိုုင်းဒေသကြီးလှွတ်တော်ကိုယ်စားလှယ်ဦးအောင်သန်း၊ကျေးလက်ဒေသဖွ့ံဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမူး ဒေါ်အေးအေးသန့်နင့် တာဝန်ရှိသူများကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်ပြီး တာဝန်ရှိသူလူကြီးများနှင့် ကျေးရွာသူကျေးရွာသားများက မီးကြိုးမီးတိုင်

လုပ်ငန်းကို  လှည့်လယ်ကြည့်ရူ့ခဲ့ကြပါသည်။

အဆိုပါမီးလင်းရေးလုပ်ငန်းသည်  စီမံကိန်းရံပုံငွေဖြင့်ငွေကျပ် (၁၄၇)သိန်း ၊လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူကျေးရွာသားများကကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။