လူထုဗဟိုပြု စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ခရမ်းမြို့နယ် ပိန်းကန် ကျေးရွာတွင် ကျေးရွာ အဆင့် မိတ်ဆက်ပွဲ ကျင်းပ

NCDDP’s Village Tract Level Socialization Meeting Organized at Pein Ken of Kayan

Yangon, 19 December 2020, Ministry of Information

ခရမ်း ဒီဇင်ဘာ ၁၉

 

ကျေးလက်​ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူး​ပေါင်း အ​ကောင်အထည်​ဖော်​ ဆောင်ရွက်လျက် ရှိသည့် လူထုဗဟိုပြု စီမံကိန်း (CDD)ကို ၂၀၂၀-၂၀၂၁ ဘဏ္ဏာ​ရေး နှစ်တွင် စတင် အ​ကောင်အထည်​ဖော် ဆောင်ရွက်မည့် ရန်ကုန်တိုင်း ​ဒေသကြီး၊​ ခရမ်းမြို့နယ် ကျေးရွာအဆင့် စီမံကိန်း မိတ်ဆက် ရှင်းလင်းပွဲ အခမ်းအနားအား ယမန်နေ့ နံနက် (၁၁) နာရီ အချိန်တွင် ကျန်းမာရေး ဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ခရမ်းမြို့နယ် ပိန်းကန် ကျေးရွာ၌ ကျင်းပ ပြုလုပ်ခဲ့‌ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းရုံးခွဲမှ ဒုတိယ စီမံကိန်း တာဝန်ခံ ဦးတန်ဂျီးမှ လူထုဗဟိုပြု ကျေးရွာအဆင့် စီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက် လာသူများမှ စီမံကိန်း အ​ကြောင်း သိရှိလိုသည်များ ​မေးမြန်းကြရာ လူထုဗဟိုပြု စီမံကိန်းရုံးခွဲမှ ဒုတိယ တာဝန်ခံ ဦးတန်ဂျီးနှင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင်တို့က ပြန်လည် ဖြေကြား ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး တိုင်း ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ၊ ခရမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ကျေးရွာများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

 

ကိုမင်း (ခရမ်း)

ရန်ကုန်တိုင်းဒေသကြီး

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/25261