တောင်သာ မြို့နယ်နဲ့ နွားထိုးကြီး မြို့နယ်တို့တွင် Cash for Work နှင့် ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း စာရင်း ဇယားတွေကို စစ်ဆေး

Documentation for Cash for Work and Village Revolving Fund Projects Monitored by Respective Officials

Mandalay, 25 October 2020, SkyNet Media Coverage

မန္တလေးတိုင်း ဒေသကြီး မြင်းခြံခရိုင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကွပ်ကဲမှု အောက်မှာ ရှိတဲ့

တောင်သာ မြို့နယ်နဲ့ နွားထိုးကြီး မြို့နယ်တို့မှာ စတုတ္ထ ၃ လပတ် ဌာနတွင်း စစ်ဆေးခြင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်းနဲ့ Cash for Work စီမံကိန်း တို့ကို မြို့နယ် အဆင့်မှာ ထားရှိမယ့် စာရင်းဇယားတွေ ဖိုင်တွေ ပြည့်စုံစွာ ရေးသွင်းထားမှု ရှိမရှိတို့ကို အောက်တိုဘာလ တတိယပတ်က ခရိုင် ဦးစီးမှူးနဲ့ အဖွဲ့ ရုံး ဝန်ထမ်းတွေက သတ်မှတ်ပုံစံတွေနဲ့ တိုက်ဆိုင် စစ်ဆေးခဲ့ကြပါတယ်။

တောင်သာ မြို့နယ်မှာ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းကို ကျေးရွာ ၁၁ ယူနစ်၊ Cash for Work စီမံကိန်း ၁၄ ရွာ၊ နထိုးကြီး မြို့နယ်မှာ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းကို ကျေးရွာ ၉ ယူနစ် Cash for Work စီမံကိန်း ၇ ရွာတို့မှာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။

သတင်း - ချစ်ဦးကိုကို (နထိုးကြီး)

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage