ပျဉ်းမနားမြို့နယ် လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲ ၁၄၆ ခု ၁၀၀ ရာခိုင်နှုန်း ပြီးစီး

NCDDP’s 146 Sub-project Activities in Pyinmana Accomplished

Naypyitaw, 22 October 2020, SkyNet Media Coverage

ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ ဒက္ခိဏ ခရိုင်၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေမှုတွေကို မြို့နယ် ဦးစီးမှူး၊ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ အောက်တိုဘာလ ၂၁ ရက်နေ့ နေ့လည်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။

ပျဉ်းမနား မြို့နယ် အတွင်းမှာ ရှိတဲ့ ကျေးရွာ အုပ်စု ၂၉ အုပ်စု ကျေးရွာ ၁၃၉ ရွာတို့မှာ စုစုပေါင်း လုပ်ငန်းခွဲ ၁၄၉ ခုတို့ကို ခွင့်ပြုငွေကျပ် ၁၈၁၂ ဒသမ ၉၃၇ သန်းနဲ့ ဆောင်ရွက်လျက် ရှိတာ ဖြစ်ပါတယ်။

အခုအခါ လုပ်ငန်းခွဲ ၁၄၆ ခုမှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ပြီး လုပ်ငန်း တိုးတက်မှု နည်းတဲ့ ကံဦး အုပ်စု ကံဦးကျေးရွာ၊ သပြေလှ ကျေးရွာနဲ့ စိုက်ပျိုး ဥယျာဉ် ကျေးရွာတို့ရဲ့ ကျေးရွာတွင်း လမ်းခင်း ခြင်း လုပ်ငန်း ဆောင်ရွက်နေခြင်းတွေ အပေါ် ကွင်းဆင်း စစ်ဆေးခဲ့ကာ တင်ပြချက်တွေ အပေါ် ပေါင်းစပ် ညှိနှိုင်းပေးခဲ့တယ်လို့ သိရပါတယ်။

သွင်ထူးအောင်

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage