ဘားအံမြို့နယ် Cash for Work စီမံကိန်း လုပ်ငန်းများကို ကွင်းဆင်း စစ်ဆေး

Cash for Work Project Activities in Hpa-an Monitored by Respective Officials

Kayin, 18 October 2020, SkyNet Media Coverage

ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး (နည်းပညာ) ဦးစတင်ဝေနဲ့ ဘားအံမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသူရလွင်တို့ဟာ Cash for Work စီမံကိန်းနဲ့ဆောင်ရွက်ထားတဲ့ ကျုံဖရဲကျေးရွာနဲ့ ဥသျှစ်ကုန်း ကျေးရွာ ကျောက်ရော မြေလမ်းခင်းခြင်း လုပ်ငန်းတွေကို တွက်ချက်ထားတဲ့ အတိုင်းအတာတွေ အတိုင်း ပြည့်မှီစွာ ဆောင်ရွက်ထားမှု ရှိမရှိ ကို အောက်တိုဘာလ ၁၆ ရက်နေ့က တိုင်းတာ စစ်ဆေးရာမှာ တာဝန်ခံ အင်ဂျင်နီယာ ဦးကျော်နိုင်ထွန်းနဲ့ ကျေးရွာ ကော်မတီဝင်တွေက ရှင်းလင်း တင်ပြခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ဒုတိယ ညွှန်ကြားရေးမှူးနဲ့ အဖွဲ့ဟာ Cash for Work စီမံကိန်း စာရင်း ဇယားတွေကို ကြည့်ရှု့ စစ်ဆေးခဲ့ပြီး ကျေးရွာ ကော်မတီတွေကို လုပ်ငန်း တွေ ရေရှည်တည်တံ့ ခိုင်မြဲဖို့ အတွက် ဝိုင်းဝန်း ဆောင်ရွက်ဖို့ မှာ ကြားခဲ့ပါတယ်။

ဘားအံမြို့နယ်မှာ Cash for Work စီမံကိန်းကို ကျေးရွာ ၃၆ ရွာမှာ အကောင် အထည်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းတွေ အားလုံး စက်တင်ဘာလက ပြီးစီး ခဲ့ပါတယ်။

သတင်း - ဧဧလေး

#CFW, #NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage

https://youtu.be/1FfG9c-I48k