လူထုဗဟိုပြုစီမံကိန်း (တတိယ)နှစ် စက်ဝန်း စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကျေးရွာ ကော်မတီဝင်များနှင့် အစည်းအဝေးကျင်းပ

A Project Kick-off Meeting Organized for NCDDP’s Third Year Project Cycle in Mawkmai

Shan, 16 October 2020, Ministry of Information

မောက်မယ် အောက်တိုဘာ ၁၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယ) နှစ်စက်၀န်း လုပ်ငန်းများစတင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီဝင်များ ပြန်လည်အတည်ပြုခြင်းနှင့် လုပ်ငန်းခွဲများ ရွေးချယ်ခြင်းအစည်းအဝေးကို ပန်းတန်ကျေးရွာအုပ်စု ၊ ဖာစန်းကျေးရွာ ဘုန်းကြီးကျောင်း၌ ယမန်နေ့ နေ့လယ်(၁)နာရီ က ကျင်းပ ပြုလုပ်ခဲ့သည်။

လူထုဗဟိုပြုစီမံကိန်း (တတိယ)နှစ်စက်၀န်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျေးရွာလူထုနှင့် ကော်မတီဝင်များအနေဖြင့် မိမိကျေးရွာမှ အမှန်တကယ်လိုအပ်သော လုပ်ငန်းခွဲများအား ရွေးချယ်သွားရန်နှင့် တည်ရှိကော်မတီဝင်များအနေဖြင့် ဆက်လက်ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးသွားကြရန် တာဝန်ကျစည်းရုံးရေးမှူးများ က အကြံပြုဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး တာဝန်ကျစည်းရုံးရေးမှူးများနှင့် လက်ထောက်နည်းပညာမှူးတို့က စီမံကိန်းအကြောင်းများ ပြန်လည်မိတ်ဆက်ပြောကြားခြင်း၊ စီမံကိန်းစက်ဝန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သွားရန်၊ ထောက်ပံ့ရန်ပုံငွေရရှိမှု၊ ကျေးရွာကော်မတီဝင်များ ပြန်လည်အတည် ပြုခြင်းနှင့် လုပ်ငန်းခွဲများ အတည်ပြုရွေးချယ်ခြင်း လုပ်ငန်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)

ရှမ်းပြည်နယ်

#NCDDP, #DRD, #MOALI, #WorldBank

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/16694