လူထု ဗဟိုပြု စီမံကိန်း ကျောက်ချောလမ်းဖွင့်ပွဲ ကျွန်းလှ မြို့နယ်တွင် ကျင်းပ

လူထု ဗဟိုပြု စီမံကိန်း ကျောက်ချောလမ်းဖွင့်ပွဲကို မတ်လ ၂ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်

ပေါက်ပင်ဆိပ်ကျေးရွာ မုဒ်ဦးရှေ့မှာ ကျင်းပ ပြုလုပ်တယ် လို့ သိရပါတယ်။

ဖွင့်ပွဲအခမ်းအနားမှာ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးနဲ့ တာဝန်ရှိသူတွေက ကျောက်ချောလမ်းကို

ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက

အမှာစကား အသီးသီး ပြောကြားပါတယ်။ အရှည်ပေ တစ်ထောင်ကျော် ၊ အကျယ် ၁၂ ပေ ရှိတဲ့ ကျောက်ချောလမ်းကို

လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ် သိန်း ၉၀ ၊ ပြည်သူလူထု ထည့်ဝင်ငွေ ကျပ် ၁၀ သိန်းကျော်နဲ့ဆောင်ရွက်ခဲ့ တယ်လို့

သိရပါတယ်။

သတင်း - မျိုးဝင်ညို (ကျွန်းလှ)

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank