သရက်ချောင်း မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

Rural Development Activities under Covid-19 Economic Relief Plan in Thayet Chaung Completed 100 Percent

Tanintharyi, 30 September 2020, Ministry of Information

သရက်ချောင်း စက်တင်ဘာ ၃၀

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ် CERP အရ ကျေးလက်ဒေသနေမိသားစုများ ဝင်ငွေလျော့နည်း လာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် Cash For Work စီမံကိန်းနှင့် ကျေးရွာ မတည်ရန်ပုံ ငွေစီမံကိန်း VRFP တို့အား သရက်ချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ မြို့နယ် အတွင်း ရှိကျေးရွာပေါင်း (၁၁)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

အဆိုပါ စီမံကိန်းများကို ဘုတ်ကိုင်း ကျေးရွာ၊ အတွင်းကဇိကျေးရွာ၊ ဝင်းဝကျေးရွာ နှင့် ပိတောက် ငယ် ကျေးရွာတို့မှ ကျေးလက်နေ လုပ်ကွက်ငယ် တောင်သူများ၊ ထုတ်လုပ် ရောင်းချနေသူများအား သွင်းအားစု နှင့် အရင်းအနှီးများ ရရှိစေရန်အတွက် ကျေးရွာမတည်ရန်ပုံငွေ ကျပ်သိန်း(၉၀၀)အား အတိုးနှုန်း(၅)ပြားဖြင့် ထုတ်ချေး ပေးခဲ့ကြောင်း၊ Cash For Work စီမံကိန်း လုပ်ငန်းများကို မိုးရွှေကူးကျေးရွာ၊ တံခွန်တိုင်ကျေးရွာ၊ ပဲဝကျေးရွာ၊ မယ်ကဲကျေးရွာ၊ စုံစင်ကျေးရွာ၊ ဆီဒတ်ကျေးရွာ၊ ပဒတ်ချောင်းကျေးရွာ ၊ကညင်ချောင်း​ကျေးရွာ၊ ဘုတ်ကျေးရွာ ဆီတောကြီး​ကျေးရွာ နှင့် ပဒေါက်ကြီး ကျေးရွာတို့၌ လုပ်ငန်းခွဲ ၁၆ ခုအား ကျေးရွာတစ်ရွာလျှင် Cash for Work စီမံကိန်း ရန်ပုံငွေ ကျပ်သိန်း(၁၀၀)ဖြင့် ဇူလိုင်လ စတုတ္ထပတ်မှ စတင် ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ဒုတိယ ပတ်တွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး သွားပြီးဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ Cash For Work စီမံကိန်း ကျေးရွာ ၁၁ ရွာ မှ အိမ်ထောင်စုပေါင်း (၁၂၉၅) စု ကျေးရွာ မတည် စီမံကိန်း ကျေးရွာ ၄ ရွာ မှ အိမ်ထောင်စုပေါင်း (၄၃၉) စု တို့အား ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေး ထိခိုက်မှုများအား လျော့ချပေး နိုင်ခဲ့ကြောင်း သိရသည်။

သရက်ချောင်း(ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/13570?fbclid=IwAR1a5a3OvsXkQANJEcXQOJHJZdTBSJEuduUc5mXVblQtntlEPlZncdYPk58