ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် မင်းလှမြို့နယ် ကျေးရွာ(၁၇)ရွာတွင် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီး

Covid-19 Economic Relief Plan Activities in 17 Villages of Minhla Completed 100 Percent

Bago, MOI Webportal

မင်းလှ စက်တင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ကျေးရွာ(၁၇)ရွာတွင် ဆောင်ရွက်လျက်ရှိ သည့် စီမံကိန်းလုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် Cash For Work စီမံကိန်း ကျေးရွာ (၉) ရွာတွင် ရွာတွင်းလမ်းများ ပြုပြင်ခြင်း၊ ရေနုတ်မြောင်းတူးဖော်ခြင်း၊ သောက်သုံးရေကန်များ ပြန်လည်တူးဖော် ခြင်း စသည့် စီမံကိန်းလုပ်ငန်းခွဲ(၂၄) ခု ဆောင်ရွက်ခဲ့ရာ ခွင့်ပြုရန်ပုံငွေ ၄၀ ရာခိုင်နှုန်းကို ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းနှင့် ၆၀ ရာခိုင်နှုန်းကို လုပ်အားခများအဖြင့် လုပ်သားဦးရေ(၅၆၂)ဦး အတွက် ငွေကျပ် (၅၄) သန်း သုံးစွဲခဲ့သည်။

ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ကျေးရွာ(၈)ရွာတွင် ငွေကျပ်(၃၉.၀၅) သန်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ရောင်းဝယ်ရေး၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်း များ ဆောင်ရွက်သည့် ကျေးရွာသူ ကျေးရွာသား (၇၅၉) ဦးကို ချေးငွေများ ထုတ်ချေး ပေးနိုင်ခဲ့သည်။

"နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလစီးပွားရေး ကုစားမှုအစီအစဉ် (CERP)အရ ကျေးလက် ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် အတွက် ကျေးရွာ(၁၇) ရွာတွင် စီမံကိန်းလုပ်ငန်း များကို ဇူလိုင်လမှ စတင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၅ ရက်က အောင်မြင်စွာဆောင် ရွက်ပြီးစီးနိုင်ခဲ့ကြောင်း" မြို့နယ်ဦးစီးမှူး ဦးလှခေးက ပြောကြားသည်။

ပေါက်စ မင်းလှ

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.facebook.com/MOIWebportalMyanmar/photos/a.328140600647146/3182077205253457/?type=3&theater