မိုင်းတုံမြို့နယ် Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး

Cash for Work and Village Revolving Fund Project Activities in Mongton Completed 100 Percent

Shan, 29 September 2020, Development News TV

မိုင်းတုံ-စက်တင်ဘာ၂၉

 

ကိုဗစ်-၁၉ ဖြစ်ပွားနေမှု အခြေအနေအရ နိုင်ငံတော် အစိုးရက ချမှတ် အကောင် ထည်ဖော် ဆောင်ရွက်လျက် ရှိသည့် စီးပွားရေး ကုစားမှု CERP Plan အရ ကျေးလက် ဒေသနေ တိုင်းရင်းသား ပြည်သူများ အလုပ် အကိုင်အခွင့် အလမ်းများ ရရှိစေရေး မိမိတို့ ကျေးရွာအတွင်း လမ်းတံတားနှင့် အခြေခံ အဆောက်အဦးများ ဖွံ့ဖြိုး တိုးတက် လာစေရေး အတွက် မိမိတို့ကိုယ်တိုင် ကိုယ်ကျ လုပ်ကိုင်ဆောင်ရွက်ပြီး လုပ်အားခ ဝင်ငွေများ ရရှိစေရေးအတွက် Cash for Work စီမံကိန်း လုပ်ငန်းများနှင့် စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်း များကို လုပ်ကိုင်နိုင်စေရေး အတွက် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ချေးငွေများကို စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။

အဆိုပါ စီမံကိန်း လုပ်ငန်းများကို ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ်တွင် CERP အစီအစဉ်အရ မိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း (၁၀၀)ဖြင့် စုစုပေါင်း ကျေးရွာ (၆) ရွာအား ငွေကျပ်သိန်း (၆၀၀) ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအား ဒေသခံ ကျေးလက်ပြည်သူများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လမ်းပြုပြင်ခြင်း လုပ်ငန်း (၆)၊ စာသင်ကျောင်း ပြုပြင်ခြင်းလုပ်ငန်း(၁)ခု စုစုပေါင်း လုပ်ငန်း(၇)ခုကို ရာနှုန်းပြည့် အကောင်ထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

Cash For Work စီမံကိန်းမှာ ကျေးလက်နေ ပြည်သူများ အတွက် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်သည့် စီးပွားရေး အခက်အခဲများ ကုစားပေးရန် နိုင်ငံတော်က ချမှတ်ထားသည့် အစီအစဉ်ဖြစ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါတွင် လုပ်ငန်းများအားလုံး စံချိန်စံညွှန်းနှင့် အညီ ရာနှုန်းပြည့် ပြီးစီးခဲ့ပြီဖြစ်ကြောင်းနှင့် ၎င်းစံမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခွင့် ရရှိခြင်း ကြောင့် မိုင်းတုံမြို့နယ်အတွင်း ကျေးရွာ(၆) ရွာမှ လူ‌ဦးရေ ၈၁၃ ဦးမှာ အကျိုးခံစားနိုင်ပြီ ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးသဉ္ဇာဟန် ထံမှသိရှိရပါတယ်။

သတင်း - တင်အောင်မိုးမြင့်

#CFW, #CERP, #DRD, #MOALI

Credit – Development News TV

https://youtu.be/eunPkO1FwJc