မိုးမိတ် မြို့နယ် ကျေးရွာ ၆ ရွာတွင် Cash for Work စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီး

ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Cash for Work စီမံကိန်း ပံ့ပိုးငွေ ကျပ် သိန်း ၆၀၀ နဲ့ ကျေးရွာ ၆ ရွာမှာ လမ်းပြုပြင်ခြင်း လုပ်ငန်းတွေ ဆောင်ရွက်ပေးလျက် ရှိပါတယ်။

ကျေးရွာ တစ်ရွာကို ကျပ် သိန်း ၁၀၀ ထောက်ပံ့ပြီး၊ မန်ပက်၊ ဘုရားကုန်း၊ ကင့်နွယ်၊ ကောင်ရာ၊ စုစုပေါင်း ကျေးရွာ ၄ ရွာမှာ ရွာတွင်းလမ်း ကွန်ကရစ် ခင်းခြင်းနဲ့ ရေနုတ်မြောင်း တူးဖော်ခြင်း၊ ဆည်ဉီး ၊ ဘော်ဒေ (ဈေး)၊ စုစုပေါင်း ကျေးရွာ ၂ ရွာမှာ ရွာတွင်းလမ်း ဗြုန်းကျောက်ခင်းခြင်း၊ ရေနုတ်မြောင်း တူးဖော်ခြင်းနဲ့ ရေပြွန်တံတား လုပ်ငန်းတွေ ဆောင်ရွက်ပေးလျက် ရှိပါတယ်။

အဲဒီ ကျေးရွာ ၆ ရွာမှာ လုပ်ငန်း အားလုံး ဆောင်ရွက်ပြီးစီး နေပြီး၊ လမ်းပြုပြင်ခြင်း လုပ်ငန်းတွေ ဆောင်ရွက်နေ တာကြောင့် ကျေးလက်နေ မိသားစုဝင်တွေ ဝင်ငွေ လျော့နည်း လာမှုနဲ့ စီးပွားရေး အခက်အခဲ တွေကို ကုစားပေးနိုင်မှာလည်း ဖြစ်ပါတယ်။

သတင်း - မင်းမြင့်မိုရ် (ငါးဇွန်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage