ပန်းတနော်မြို့နယ် Cash for work စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးမှုကို တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

Completion of Cash for Work Activities in Pantanaw Monitored by Respective Officials

Ayeyarwaddy, SkyNet Media Coverage

ဧရာဝတီတိုင်း ဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်မှာ Cash for work စီမံကိန်း လုပ်ငန်းတွေ ရာနှုန်းပြည့် ပြီးစီးမှုကို မအူပင် ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်နဲ့ တာဝန်ရှိသူတွေက ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးကြပါတယ်။

အဲလို စစ်ဆေးရာမှာ ပန်းတနော် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဇေယျာနိုင်နဲ့ စီမံကိန်း တာဝန်ခံ ဝန်ထမ်းအဖွဲ့တို့က စီမံကိန်း လုပ်ငန်းတွေ ဆောင်ရွက်ပြီးစီး မှု အခြေအနေ တွေကို လိုက်လံ ရှင်းလင်း တင်ပြခဲ့ပြီးနောက် ခရိုင် ဦးစီးမှူး ဒေါ်စိုးစိုးမြင့်က ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်း ကော်မတီ ဝင်တွေကို စီမံကိန်း လုပ်ငန်းတွေ ရေရှည် အသုံးပြု နိုင်စေဖို့ ပြုပြင်ထိန်းသိမ်းခြင်း အစီအစဉ်တွေ ထားရှိဖို့ အကြံပြု မှာကြားပါတယ်။

တောကြီးကျေးရွာ ကျေးရွာတွင်း မြေသားလမ်း ဖို့ခြင်းလုပ်ငန်း၊ ကျေးရွာတွင်း လမ်း မြေရော ကျောက်စရစ် ခင်းခြင်း လုပ်ငန်း၊ ကျေးရွာတွင်း မီးတားလမ်း ရှင်းခြင်း လုပ်ငန်း၊ ဘုရားစု ကျေးရွာ ကျေးရွာတွင်း သဲဗြုန်း ခင်းခြင်း လုပ်ငန်း၊ ကျေးရွာပိုင် အားကစားကွင်း သဲဖြည့်ခြင်းနဲ့ တာဘောင် မြေဖို့ခြင်း လုပ်ငန်း၊ စိုက်ပျိုးရေ အတွက် ရေသွင်း ရေထုတ်မြောင်း ပြန်လည် ပြုပြင်ခြင်း လုပ်ငန်း၊ ကပိုင် ကျေးရွာ ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်း ခြင်း လုပ်ငန်း၊ ကျေးရွာတွင်း လမ်း သဲဖြည့် ခြင်းလုပ်ငန်း၊ ကျေးရွာတွင်း ရေနုတ်မြောင်း တူးဖော်ခြင်း နှင့် လမ်းပြုပြင်ခြင်း လုပ်ငန်းတွေ ဖြစ်ပြီး၊ ကျေးရွာ တစ်ရွာကို Cash for Work စီမံကိန်း ရန်ပုံငွေ ကျပ် သိန်း ၁၀၀ နဲ့ ဆောင်ရွက်တာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း - တေဇာလင်း

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage

https://youtu.be/D8_v2-RhCRw