မြန်အောင်၌ Cash For Work စီမံကိန်းနှင့် VRFP စီမံကိန်းကျေးရွာများအား စီမံကိန်း မိတ်ဆက်ရှင်းလင်းပြီး ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်

မြန်အောင် ဇူလိုင် ၁၀

မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လဟာပေါက်ကျေးရွာအုပ်စု၊ ဂုံညှင်းတန်းကျေးရွာတွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ကျေးရွာများကို ယမန်နေ့က စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းပြီး ကော်မတီဖွဲ့စည်းပေးခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ အကျိုးဆက် သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသပြည်သူများကို ၎င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အဦဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခငွေပေးချေခြင်းဖြင့် ကျေးလက်ဒေသနေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ Cash For Work စီမံကိန်းနှင့် ကျေးရွာမတည်ရန် ပုံငွေစီမံကိန်း (VRFP)ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်အောင်မြို့နယ်‌အတွင်းဆောင်ရွက်မည့် Cash For Work စီမံကိန်း‌ကျေးရွာ (၁၃) ရွာနှင့် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း (VRFP)ကျေးရွာ(၄) ရွာတို့ကို မြို့နယ်‌ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်နှင့် ဝန်ထမ်းများက ယခုလ ၅ ရက်နေ့မှစ၍ စီမံကိန်းအကြောင်း မိတ်ဆက် ရှင်းလင်းခြင်းနှင့်‌ ကော်မတီဖွဲ့စည်းခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဝင်းဗိုလ်(မြန်အောင်)

 

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/10/07/2020/id-23423