Rural Development Activites under Cash for Work Project in 10 Villages of Gangaw
Magway, 23 September 2020, Ministry of Information
ဂန့်ဂေါ စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ(၁၀)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း(၁၀)ခု ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် Cash For Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ငွေကျပ်သိန်း (၁၀၀) စီဖြင့် ချောင်းခွကျေးရွာတွင် ကျေးရွာတွင်း လမ်းပြုပြင်ခြင်း၊ ကွမ်းဇဲကျေးရွာတွင် ကျေးရွာတွင်းလမ်း ပြုပြင်ခြင်း၊ မိုးစိုရွာသစ်တွင် ကျေးရွာတွင်း လမ်းခင်းခြင်း၊ လုံဟော ကျေးရွာတွင် ကျေးရွာတွင်းလမ်း ပြုပြင်ခြင်း၊ ကုက္ကားကျေးရွာတွင် ကျေးရွာတွင်း လမ်းပြုပြင်ခြင်း၊ သာကောင်း ကျေးရွာတွင် ကျေးရွာတွင်းလမ်း ပြုပြင်ခြင်း၊ ဘူတာသစ် ကျေးရွာတွင် ကျေးရွာတွင်းလမ်း ပြုပြင်ခြင်း၊ တဇန်း ကျေးရွာတွင် ကျေးရွာတွင်းလမ်း ပြုပြင်ခြင်း၊ ချိုင်းကျေးရွာတွင် ကျေးရွာတွင်းလမ်း ပြုပြင်ခြင်းနှင့် ဖုံးစိုးကျယ် ကျေးရွာတွင် ကုန်ထုတ်လမ်း ဖောက်ပြီး ကျောက်ရောမြေ ခင်းခြင်းလုပ်ငန်းစသည့် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်း ပေါင်း (၁၀)ခုတို့ကို ရာနှုန်းပြည့် ပြီးစီးအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ပိုင်စိုးထံမှ သိရသည်။
အဆိုပါ ကျေးရွာ(၁၀)ရွာ တွင် ကျေးရွာတွင်းလမ်းခင်းခြင်း၊ ရေနုတ်မြောင်း တူးဖော်ခြင်းနှင့် ကုန်ထုတ်လမ်း ကျောက်ရောမြေ ခင်းခြင်းများဖြင့် လမ်းပြုပြင်ခဲ့ခြင်းကြောင့် ကျေးရွာနေ ပြည်သူများ ယခင်က မိုးရာသီတွင် ခက်ခက်ခဲခဲ သွားလာနေရသော်လည်း ယခုအခါမှာ အဆင်ပြေ ချောမွေ့နေပြီ ဖြစ်ကြောင်းနှင့် ကိုဗစ်ကာလတွင် (CERP) အရ ကျေးလက်နေ ပြည်သူများ၏ မိသားစုဝင်ငွေများ လျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲ များကို ကုစားပေးနိုင်ရန်တွက် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခဲ့ကြကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)
#CFW, #CERP, #DRD, #MOALI
Credit – Ministry of Information