Cash for Work စီမံကိန်း စဉ့်ကူး မြို့နယ် ကျေးရွာ ၈ ရွာတွင် ဆောင်ရွက်

Cash for Work Project Covering 8 Villages of Singu

Mandalay, SkyNet Media Coverage

ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ်အရ Cash for Work စီမံကိန်းလုပ်ငန်းတွေ အဖြစ် မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်ခရိုင် စဉ့်ကူး မြို့နယ်မှာ ရှိတဲ့ ကျေးရွာ ၈ ရွာ ဖြစ်တဲ့ မြသီတာ၊ တရော်ပင်၊ စျေးကုန်း၊ ညောင်ဝန်း၊ ခူလယ်၊ ကြက်ဖြူတောင်၊ လက်ဆည်ဦး၊ ဝက်တိုး ကျေးရွာတွေမှာ အခု ဘဏ္ဍာနှစ် အတွင်း ရွာတွင်း ရိဇာလမ်းခင်းခြင်း၊ လမ်းရေမြောင်း တူးခြင်းနဲ့ ရေပိုက်လှိုင်း သွယ်တန်း ခြင်း လုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့တယ် လို့ သိရပါတယ်။

ကျေးရွာ တစ်ရွာကို ငွေကျပ် သိန်း ၁၀၀ ရရှိတာကြောင့် ကျေးရွာ ၈ ရွာအတွက် စုစုပေါင်း ကုန်ကျငွေ ကျပ် သိန်း ၈၀၀ ကို နိုင်ငံတော်ရဲ့ ထောက်ပံ့မှုနဲ့ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ မြို့နယ် ဦးစီးမှူး ဦးအောင်ကိုကိုဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

အခုအခါ ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ်အရ Cash for Work စီမံကိန်းလုပ်ငန်းတွေ ဆောင်ရွက်ပေးတဲ့အတွက် ကျေးလက်ဒေသနေ မိသားစုတွေ ဝင်ငွေ လျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲတွေကို ကုစားပေးနိုင်ခဲ့ကြောင်း သိရှိရပါတယ်။

သတင်း - မင်းမြင့်မိုရ် (ငါးဇွန်)

​#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage