ကန်ကြီးထောင့်မြို့၌ Cash For Work စီမံကိန်း ကျေးရွာအဆင့် စီမံခန့်ခွဲမှုသင်တန်းဖွင့်

ကန်ကြီးထောင့် ဇူလိုင် ၁၇

စိုက်ပျိုးရေး၊ မွေးမြုရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်​ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်း ကျေးရွာအဆင့် စီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဧရာသီရိသုခခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီး အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးထွန်း၊ တိုင်းဒေသကြီး အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူတို့က အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများမှ စီမံကိန်းကျေးရွာများအား စီမံကိန်း လက်စွဲစာအုပ်များ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက Cash For Work စီမံကိန်း အကြောင်း မိတ်ဆက်ခြင်း၊ စီမံကိန်းစက်ဝန်း၊ စီမံကိန်းတွင် ပါဝင်ရမည့် အိမ်ထောင်စုရွေးချယ်ပုံ၊ စီမံကိန်းကော်မတီဝင်များ၏ တာဝန်များ၊ ငွေကြေးစီမံခန့်ခွဲခြင်း၊ စီမံခန့်ခွဲမှုဘာသာရပ်များ အစရှိသည်များကို တစ်ရက်တာ သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းသို့ စီမံကိန်းကျေးရွာ (၈)ရွာမှ တစ်ရွာလျှင် ကျေးရွာကော်မတီဝင် (၉)ဦးနှုန်းဖြင့် ကော်မတီဝင် (၇၂) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/17/07/2020/id-24334