ကြက်မောက်တောင် ဆည်ရေသောက်ဒေသတွင် Cash for Work အစီအစဉ်ဖြင့် ဆောင်ရွက်သည့် လယ်ကြားမြောင်း ပြုပြင်ခြင်း များအတွက် ဆည်ရေအသုံးချသူ အစုအဖွဲ့များထံ လုပ်အားခ ငွေကျပ် ၁၀,၆၄၅,၀၀၀ ကျပ် ပေးချေ

ကျောက်ပန်းတောင်း စက်တင်ဘာ ၂၁

မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ် ကြက်မောက်တောင် ဆည်ရေသောက် ဒေသတွင် ကိုဗစ်-၁၉ ကာလ ကုစားမှု အစီအစဉ် (CERP) အရ၊ Cash For Work အစီအစဉ်ဖြင့် ဆောင်ရွက်သည့် လယ်ကြားမြောင်း နှင့် လက်တံမြောင်း တူးဖော်ပြုပြင်ခြင်း လုပ်ငန်းများ အတွက် လုပ်ငန်းဆောင်ရွက်ခဲ့သည့် ဆည်ရေ အသုံးချ သူများ အစုအဖွဲ့ထံ လုပ်အားခ ငွေပေးချေခြင်းကို ယနေ့ နံနက်(၁၀) နာရီက အတာကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာလ စီးပွားရေး ထိခိုက်မှု လျော့ချရေးစီမံချက် (CERP) အရ၊ Cash For Work လုပ်ငန်းများဖြစ်သည့်၊ ကြက်မောက်တောင် ဆည်ရေသောက်အတွင်း ရေအသုံးချသူ တောင်သူများကိုယ်တိုင် တူးဖော်သည့် တိုက်ရိုက် ရေပေးမြောင်းနှင့် လက်တံခွဲမြောင်းများ အတွက် လုပ်အားခပေးချေပွဲကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်တုတ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင် နှင့် မြို့နယ် စိုက်ပျိုးရေး ညှိနှိုင်းမှု ကော်မတီဝင်ဌာန ဆိုင်ရာများ၊ တက်ရောက် ပေးအပ်ခဲ့ကြပြီး၊ ကြက်မောက်တောင် ဆည်ရေသောက် ဒေသအတွင်း ဈေးကုန်းကျေးရွာ အုပ်စု၊ ဈေးကုန်း ကျေးရွာနှင့် အတာကျေးရွာတို့တွင် လက်တံခွဲ၊ လယ်ကြားမြောင်း(၁၀)ခုနှင့် လက်တံမြောင်း (၂)ခု တူးဖော်ခြင်း လုပ်ငန်းများ အတွက် စုစုပေါင်း ငွေကျပ်(၁၀၆၄၅၀၀၀) ကို သက်ဆိုင်ရာ ရေအသုံးချသူတောင်သူ အစုအဖွဲ့ခေါင်းဆောင်များထံ ပေးအပ်ခဲ့ကြသည်။

အဆိုပါ လုပ်အားခ ငွေပေးချေပွဲကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအေးခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင် နှင့် မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှု ကော်မတီဝင် ဌာနဆိုင်ရာများ၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးသန်းထိန်နှင့် ဝန်ထမ်းများ၊ ဆည်ရေအသုံးချသူ တောင်သူအစုအဖွဲ့ ခေါင်းဆောင် များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/12060