![](https://cdd.drdmyanmar.org/sites/default/files/styles/news_on_media/public/uploads/news-image/captureee_51.png?itok=_-3UPDLH)
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် ခရိုင် မိုင်းဖြတ်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်ခင်မေလွင်၊ ဦးစီးအရာ ရှိ နည်းပညာ ဒေါ် သီသီအောင်နဲ့ ဝန်ထမ်းတွေက ကျေးရွာ ကော်မတီဝင်တွေနဲ့အတူ စက်တင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက နမ့်ယွန်း ကျေးရွာ အုပ်စု မားမိုးကြယ် ကျေးရွာမှာ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေနဲ့ စိမ့်စမ်းရေ ပိုက်လိုင်းတွေ ပြုပြင် သွယ်တန်းခြင်း လုပ်ငန်း၊ အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးမှု အခြေအနေတွေကို ကြည့်ရှု့ စစ်ဆေးပြီးတော့ လိုအပ်တာတွေကို ဖြည့်စွက်မှာ ကြားခဲ့ပါတယ်။
မိုင်းဖြတ်မြို့နယ်အတွင်း Cash for Work စီမံကိန်းကို ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာနှစ်မှာ မားမိုးကြည် ကျေးရွာ အပါအဝင် အင်ပါဂူ (အပေါ်/ အောက်)၊ ဟွေလုံဝမ်း၊ မဟီးကောင်၊ မိုင်းတင်း (ပေါ်/အောက်)၊ ပါဆန်းဒေ့၊ ဟာကြားမုတိ၊ နမ့်ဟွေ့လုံ စတဲ့ ကျေးရွာတွေမှာလည်း အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကိုစိုင်း (ကျေးလက်)
#CFW, #CERP, #DRD, #MOALI
Credit – SkyNet Media Coverage