ကရင်ပြည်နယ် ဝန်ကြီးချုပ် ဘားအံမြို့နယ်ရှိ Cash for Work စီမံကိန်း အစီအစဉ်ဖြင့် ကျေးရွာ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

ဘားအံ သြဂုတ်၂၇

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် နိုင်ငံတော်မှ ကိုဗစ်၁၉ ရောဂါ ကာလအတွင်း ကျေးလက်နေ မိသားစုဝင်များ ၏ ဝင်ငွေလျော့နဲလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် အတွက် ရည်ရွယ်ပြီး Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ကရင်ပြည်နယ် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက ကျေးရွာဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် ကျေးရွာလမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ယမန်နေ့၊ ညနေပိုင်းက ကျေးရွာ၃ ရွာကိုသွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်လျှက်ရှိသော ဘားအံမြို့နယ် အတွင်းရှိ နောင်ထလုံးကျေးရွာအုပ်စု၊ မူးကဝကျေးရွာရှိ ကျေးရွာတွင်း ကျောက်ရောမြေခင်း လမ်းအရှည် (၂၄၅၀) ပေ ခင်းခြင်းနှင့် ရေမြောင်း (၆၀၀၀) ပေတူးဖော်နေခြင်း အခြေအနေကို လည်းကောင်း၊ တောကြီးကျေးရွာ ရွာတွင်း လမ်းအရှည်ပေ (၇၀၀) ပေနှင့် ရေမြောင်း (၂၀၀၀) ပေတူးဖော်ခြင်း အခြေအနေကိုလည်းကောင်း၊ ကော့တရုတ်ရ ကျေးရွာရွာတွင်းလမ်း ကွန်ကရစ် လမ်း အရှည် (၄၅၀) ပေခင်းခြင်းနှင့် ရေးမြောင်း (၂၀၀၀) ပေ တူးဖော်ခြင်းအခြေအနေများကို လည်းကောင်း သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးထွန်းဇော်ချစ်၊ ကျေးရွာကော်မတီ အဖွဲ့အဝင်များ၊ ကျေးရွာဒေသခံ များနှင့် ဆောင်ရွက်နေမှု လုပ်ငန်းများအတွက် အားနဲချက် အားသာချင်များကို ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့နယ်တွင် Cash for Work ကျေးရွာစီမံကိန်းအရ စီမံကိန်းကျေးရွာ (၃၇) ရွာကို ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများဆောင်ရွက် သွားနိုင်ရန်ပစ္စည်းဖိုး သိန်း(၄၀)၊ ကျေးရွာနေ ပြည်သူများထဲမှ အလုပ်သမားခ သိန်း(၆၀) စုစုပေါင်း စီမံကိန်းကျေးရွာတစ်ရွာအတွက် ငွေကျပ်သိန်း (၁၀၀) စီမံကိန်း ရန်ပုံငွေခံစားခွင့်ရှိကြောင်းနှင့် ဘားအံမြို့နယ်တွင် စီမံကိန်းကျေးရွာ (၃၇) ရွာတွင် (၁၀) ရွာမှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးကာ ကျန် (၂၇) ရွာမှာ (၇၅) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit- Ministry of Information

https://www.moi.gov.mm/index.php/news/4791