လှိုင်းဘွဲ့ မြို့နယ် Cash for Work စီမံကိန်း လုပ်ငန်းများကို ကွင်းဆင်း စစ်ဆေး

ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ်မှာ နိုင်ငံ တော်က ချမှတ်ထားတဲ့ Covid-19 ကာလ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အရ ကျေးလက်နေ ပြည်သူတွေ ဝင်ငွေ လျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲတွေကို ကုစားပေးနိုင်ဖို့ အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Cash for Work စီမံကိန်းနဲ့ ဆောင်ရွက်နေတဲ့ ကွီးလေး ကျေးရွာ လမ်းဘေး ရေမြောင်း တူးဖော်ခြင်း၊ ကျောက်ရောမြေ ခင်းခြင်း မဲလရော ကျေးရွာ အုပ်စု ထီးကနဲ ကျေးရွာ စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်း ပြီးစီးမှုတွေကို တာဝန်ရှိသူတွေက ကွင်းဆင်း စစ်ဆေး ကြည့် ရှု့ စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။

 

သတင်း - ခင်စန်းမြင့် (ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage